ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင် ယိုင်နဲ့နေခဲ့သဖြင့် ကားလေးများနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကားကြီးဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ကျိုးကျခဲ့ရခြင်းဖြစ်ပြီး ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာ(အနည်းငယ်)သာရရှိခဲ့ကြောင်း သိရသည်။
” လတ်တလောကတော့ အရင်ကရှိထားတဲ့အတိုင်း တံတားရှောင်ကွင်းလမ်းကဘဲသွားနေရတယ်။ အဲဒီ ရှောင်ကွင်းလမ်းက အရင်ထဲကကားကြီးတွေသွားဖို့လုပ်ပေးထားတာပါ။ လမ်းကမိုးရွာတာနဲ့ကားကြီးတွေသွားတာနဲ့ဆိုတော့ ရွှံ့တွေများတယ်။ ကားလေးတွေကတော့ဖြ-တ်သွားဖို့မလွယ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ နမ့်ကော်တံတားကျိုးကျသွားသဖြင့် ကုန်စည်စီးဆင်းမှုအချို့ပြ-တ်တောက်လျက်ရှိ၍ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။