Looking for something?

Explore the website

Looking for something?

Saturday, May 17, 2025

ဂါဇာတွင် ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲရန်...

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာတွင် စစ်ဆင်ရေးများ ချဲ့ထွင်ရန်အဆင်သင့်ပြင်ဆင်မှုအဖြစ် တို-က်ခို-က်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း IDF ၏ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။ "ပြီးခဲ့သည့်...

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင်...

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင်...

အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ(၂၈)ခုကို အမည်မည်းစာရင်းသွင်းမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနက် အေဂျင် စီ(၂၈)မှာအား အခွန်ပေးဆောင်ခြင်းမရှိပါက Black List (အမည်မည်းစာရင်း)သွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ...

CHINA-ASEAN CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု...

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 2025 China-Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ...
HomeNewsLocal Newsကာလုံအစည်းအ​ဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တင်ပြခဲ့​သော...

ကာလုံအစည်းအ​ဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တင်ပြခဲ့​သော အ​ကြောင်းအရာများ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)အား ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းကနေပြည်တော်၌ကျင်းပစဥ် နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပြောကြားခဲ့သည်တို့ကို အတိုချုပ်​ကောက်နုတ်​ဖော်ပြရ​သော်….

  • မဲမသမာမှုများအား အသစ်ဖွဲ့စည်းခဲ့သည့် UEC မှတာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မဲစာရင်းတွင်နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူလက်မှတ်မရှိဘဲ ပါဝင်​နေသူ ၄သန်း​ကျော်၊နိုင်ငံသားစီစစ်​ရေးကတ်တစ်ခုထဲဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက်ပါဝင်သူ ၃သိန်းနီးပါး ၊ မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက် ၁၁ ဒသမ ၃ သန်းကျော်အား စီစစ်တွေ့ရှိခဲ့ခြင်း

-၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဟောင်း ဦးဝင်းမြင့်တို့သည် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက်(သို့)သွယ်ဝိုက်၍ ဖိအားပေးမှုများရှိခဲ့ခြင်း

-နစက မှနိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် ကိုဗစ်(၁၉)ရောဂါတတိယလှိုင်းကာလ၌ ဆေးရုံ/ဆေးခန်းများအပြင် ကုသမှုစင်တာ ၁၆၇၄ ခု ဖွင့်လှစ်ကုသပေးခြင်း၊အစိုးရမှ Oxygen စက်ရုံ ၂၁၆ ရုံ၊ပုဂ္ဂလိက ၂၇၁ ရုံ(စုစုပေါင်း ၄၈၇ ရုံ)တည်ဆောက်ခဲ့ခြင်းဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ခြင်း

-နိုင်ငံတွင်းဆေးရုံ ဆေးပေးခန်းစုစုပေါင်း ၁၂,၅၀၄ ခု ရှိပြီး နိုင်ငံရေးအခြေအနေအကြောင်းပြ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးကာလတွင် ဆေးရုံဆေးပေးခန်း  ၆၅ ဒသမ ၅၃ ရာခိုင်နှုန်းသာ လုပ်ငန်းဆောင်ရွက်နိုင်ခဲ့​ကြောင်း၊ကျန်းမာရေးဝန်ထမ်း ၁၀၃,၂၁၄ ဦးရှိပြီး CDM ပြုလုပ်ခဲ့သူ ၄၇,၂၅၄ ဦးရှိခဲ့၊လိုအပ်သွားသည့် နေရာများတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကုသပေးခြင်းနှင့် တပ်မတော်ဆေးရုံများတွင်ပြည်သူများကို ကုသပေးခဲ့ခြင်း

-ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အသက် ၁၈ နှစ်နှင့်အထက် ရည်မှန်းလူဦးရေ၏ ၉၈ ရာခိုင်နှုန်းထိုးနှံပြီး၊အသက် ၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ ရည်မှန်းလူဦးရေ၏ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ  ၇၃ ရာခိုင် နှုန်းရှိခြင်း

  • GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ကုန်ခန့်မှန်းခြေ (ဧပြီလမှမတ်လအထိ) ၃ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးလာခဲ့ခြင်း

-ဒီမိုက​ရေစီအစိုးရများ၏ GDP များနှိုင်းယှဥ်ခြင်း၊ ကုန်သွယ်မူလို​ငွေများ၊အဂတိမှုများ​ကြောင့်ဆုံးရှုံးနစ်နာခဲ့မှုများ၊နစကအစိုးရအား နိုင်ငံတကာ ပိတ်ဆို့မူ​​ကြောင့် စီးပွားတိုးတက်သင့်သ​လောက်မတိုးခဲ့ခြင်း

-ပြည်တွင်းစီးပွားရေးမြှင့်တင်ရာတွင် အသေးစား၊အငယ်စားနှင့်အလတ်စား(MSME) လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့ခြင်း

-တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၂၁ ရက်တွင်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရ ငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ်တစ်နှစ်တာကာလသာမက ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်တမ်းတိုးမြှင့်ထားပြီးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် တတိယအကြိမ်အထိဆွေးနွေးထားခြင်း

-အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား PR စနစ်ဖြင့်ကျင်းပ၍ အနိုင်ရသည့်ပါတီအားနိုင်ငံတော်တာဝန်လွှဲအပ်ခြင်း

–အကြမ်းဖက်မှုများကြောင့် တစ်နိုင်ငံလုံး ပစ္စည်းပျက်စီးမှု ၄,၉၁၇ ခု၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့၊ လက်နက်ခဲယမ်းမျိုးစုံ ၁,၃၈၂,၆၆၇ သိမ်းဆည်းရမိခဲ့၊ ဝန်ထမ်းနှင့်အရပ်သား စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦးရှိခဲ့ခြင်း

  • အကြမ်းဖက်မှုဖြစ်စဥ်​လျော့လာ​သော်လည်း​သေဆုံး၊ဒဏ်ရာရများလာ​ခြင်း၊ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့များ၏ တင်ပြချက်များအရ ရာခိုင်နှုန်းပြည့်တည်ငြိမ်သည့် မြို့နယ် ၁၉၈ မြို့နယ်၊လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရန်လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ်ရှိ​သေးခြင်း

-အင်္ဂလိပ်အစိုးရ​ခေတ်မှစ၍ သန်း​ခေါင်စာရင်း​ကောက်ယူခဲ့မှုရာဇဝင်၊ မဲစာရင်းမှန်ကန်ရန် သန်းခေါင်စာရင်းမှန်ကန်ဖို့လိုအပ်၍ သန်းခေါင်စာရင်းကောက်ယူမှုသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်​ခြင်း

-၂၀၂၀ တွင် ၈၈ပါတီပြိုင်ခဲ့ပြီး ၁၉ ပါတီသာ လွှတ်​တော်ကိုယ်စားလှယ်အ​ရွေးခံရခြင်း၊တသီးပုဂ္ဂလ ၂ဦးသာ အ​ရွေးခံရခြင်း တို့​​ကြောင့် နိုင်ငံ​ရေးပါတီမှတ်ပုံတင်ခြင်းဥပ​ဒေ ပြင်ဆင်ပြဌာန်းခဲ့ခြင်း

-တပ်မတော်အနေဖြင့် မည်သည့်ခေတ်၊မည်သည့်အစိုးရပင်ဖြစ်စေ ပြည်သူသာအမိ၊ပြည်သူသာအဖဟုခံယူပြီး နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ Guardi‌an အနေဖြင့် အစဉ်အမြဲဆက်လက်တည်ရှိနေမည်

စသည်တို့ပါဝင်​သော တင်ပြချက်များအား ​ပြောကြား​ဆွေး​နွေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂါဇာတွင် ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲရန် အစ္စရေးစစ်တပ်က တို-က်ခို-က်မှုများ ပိုမိုပြုလုပ်

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာတွင် စစ်ဆင်ရေးများ ချဲ့ထွင်ရန်အဆင်သင့်ပြင်ဆင်မှုအဖြစ် တို-က်ခို-က်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း IDF ၏ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။ "ပြီးခဲ့သည့် ၂၄ နာရီအတွင်း IDF သည် ဂါဇာရှိ စစ်ဆင်ရေးဇုံများတွင် ထိန်းချုပ်မှုရရှိရန် ကျယ်ပြန့်သော တို-က်ခို-က်မှုများ စတင်ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေး ပိုမိုချဲ့ထွင်ရန်နှင့် စစ်ပွဲ၏ ရည်မှန်းချက်များ ပြည့်မီရန်တို့အတွက် မိမိတပ်များအား စုစည်းခဲ့သည်။ ယင်းရည်မှန်းချက်များတွင် ပြန်ပေးဆွဲခံရသူများ လွတ်မြောက်ရေးနှင့် ဟမားစ်အဖွဲ့ကို ချေမှုန်းရေးတို့ ပါဝင်သည်" ဟု ယင်းအစီရင်ခံတွင် ဖော်ပြထားသည်။ "IDF...

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းတို-က်ခ-တ်နိုင်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင် အသိပေးထားသည်။ ထို့အပြင် နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်...

အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ(၂၈)ခုကို အမည်မည်းစာရင်းသွင်းမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနက် အေဂျင် စီ(၂၈)မှာအား အခွန်ပေးဆောင်ခြင်းမရှိပါက Black List (အမည်မည်းစာရင်း)သွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ နိုင်ငံအလိုက်အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြရန် ၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်၊ အခွန် စည်းကြပ်မှုခံယူရမည့် အေဂျင်စီများအနက် အခွန်ပေးဆောင်ခြင်းမရှိသေးသည့် အေဂျင်စီများကို ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်နေ့တို့တွင်နောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူရန် အလုပ်သမားဝန်ကြီးဌာနမှ မေ ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071