နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ကာတာနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed AI Attiyah တို့ စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်တွင်တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ကာတာနိုင်ငံမှ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဆွေနွေးခဲ့ကြသည်။
