Wednesday, December 17, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...
HomeInternationalကာကွယ်ရေးအတွက် ငွေပိုသုံးရန် ယူအက်စ်ကတောင်းဆိုသဖြင့်ဂျပန်ကယူအက်စ်နှင့်အစည်းအဝေးကိုဖျ-က်သိမ်း

ကာကွယ်ရေးအတွက် ငွေပိုသုံးရန် ယူအက်စ်ကတောင်းဆိုသဖြင့်ဂျပန်ကယူအက်စ်နှင့်အစည်းအဝေးကိုဖျ-က်သိမ်း

ကာကွယ်ရေးနှင့် ပတ်သက်ပြီး ငွေကိုပိုမိုသုံးစွဲရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က တောင်းဆိုခဲ့သဖြင့် ဂျပန်သည် ၎င်း၏ အဓိကမဟာမိတ် အမေရိကနှင့် အဆင့်မြင့်အရာရှိအဆင့် အစည်းအဝေးကို ဖျ-က်သိမ်းလိုက်ကြောင်း သိရသည်။
         
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုနှင့် ကာကွယ်ရေးဝန်ကြီး ပက်တေဟက်ဆက်တို့သည် နှစ်စဉ် လုံခြုံရေးဆွေးနွေးပွဲအတွက် ဇူလိုင် ၁ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဂျန်နာကာတာနီတို့နှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်။
        
သို့သော် ဖင်နန်ရှယ်တိုင်မ်းစ်က ကာကွယ်ရေးအသုံးစရိတ်ကို အစောပိုင်းက တောင်းဆိုထားသည့် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းထက်ပို၍ ၃ ဒဿမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် အမေရိက,က ဂျပန်ကို တောင်းဆိုခဲ့သဖြင့် တိုကျိုသည် အစည်းအဝေးကို ဖျ-က်သိမ်းခဲ့သည်ဟု ဖော်ပြခဲ့သည်။
         
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ် အစိုးရသည် ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ သုံးစွဲသွားရန် ဂျပန်အပါအဝင် ၎င်း၏ အာရှမဟာမိတ်များကို တောင်းဆိုနေသည်ဟု ဂျပန် နစ်ခေးအေးရှက စနေနေ့တွင် သတင်းဖော်ပြခဲ့သည်။
        
လွန်ခဲ့သည့် ရက်သတ္တပတ်များက ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်တွင် ဂျပန်သည် အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ရိုက်တာကို ပြောကြားခဲ့သည်။ ဂျပန်သည် အစည်းအဝေးမှ နုတ်ထွက်ခဲ့သည်ဟု ကြားသိရကြောင်းနှင့် ယင်းသို့လုပ်ရသည့် အကြောင်းရင်းကိုမူ မသိရကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် အစိုးရမဟုတ်သော သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့သည်။
        
တရုတ်ကို တန်ပြန်ရန်အတွက် ဂျပန်အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကိုပိုသုံးရန် ပင်တဂွန် တတိယမြောက်ဝါအရင့်ဆုံးအရာရှိ အဲလ်ဘရစ် ကိုလ်ဘီက ၎င်း၏ ရာထူးခန့်အပ်မှုဆိုင်ရာ ကြားနာမှုအတွင်း တောင်းဆိုခဲ့ပြီးနောက် ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ်ကို အခြားနိုင်ငံများက ဆုံးဖြတ်စရာမလိုဟု ဝန်ကြီးချုပ် ရှီဂီယူ အီရှီဘာက မတ်လအတွင်းက ပြောကြားခဲ့သည်။

ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071