စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မေလ (၁၅)ရက်နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေလမ်းရှိ နံကပ်တစ်ထပ်ဂိုထောင်မှ ဆိုလာဘက်ထရီ အပူလွန်ကဲရာမှ မီးလေ-ာင်မှု မေလ (၁၂) ရက် ညနေ (၄)နာရီခွဲက ဖြစ်ပွားရာ လူနေအိမ် (၄) လုံး မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ကသာမြို့ မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ဖိုးရိက္ခာများ စုစုပေါင်း (၇၁၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မီးလေ-ာင်မှုကြောင့် ဆုံးရှုံးခဲ့သောအိမ်ထောင်စု (၄) စုကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် ကသာခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မီးဘေးသင့် အိမ်ထောင်စုဝင်များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အိမ်ထောင်စု (၄) စုအား တစ်အိမ်လျှင်ကယ်ဆယ်ရေးပစ္စည်း Family Kits(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။