ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်းသိရသည်။
ကသာမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ (၁၂)ရက်၊ နံနက် (၁၀) နာရီက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူ(၃,၁၀၀)ဦးကျော်ရှိပြီး ဇွန်လ (၁၂)ရက်က (၃၁၀)ဦးအတွက် ချီးမြှင့်ငွေပေးခြင်းဖြစ်ပြီး ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ချီးမြှင့်ငွေထောက်ပံ့ပေးအပ်နိုင်ရေး စီစစ်ဆောင်ရွက်လျှက်ရှိကြောင်း ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေ နှစ်လစာအတွက်ငွေကျပ် (၄၀,၀၀၀)နှုန်းဖြင့် လူဦးရေ (၃၁၀)ဦးအတွက် ချီးမြှင့်ငွေ ကျပ် (၁,၂၄၀၀,၀၀၀)/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။