ငလျင်ဒဏ်ကြောင့် ထိခိုက်မှု အပြင်းထန်ဆုံးထဲမှ ကလေး (၁၁၀,၀၀၀) အတွက်လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များက အကူအညီများပေးအပ်ရန် ဆောင်ရွက်နေကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် စာသင်ကျောင်း (၂၀၀၀) နီးပါး ထိခိုက်ပျက်စီးခဲ့ရပြီး ကျောင်းအများစုကိုလည်း အရာအားလုံး ဆုံးရှုံးခဲ့ကြရသည့် မိသားစုများအတွက် ယာယီ ခိုလှုံစရာ နေရာအဖြစ် ပြောင်းလဲ အသုံးပြုနေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ကလေး သိန်းပေါင်းများစွာသည် ၎င်းတို့၏ စာသင် ခန်းများ၊ ဆရာ/ဆရာမများ မရှိဘဲ ကျန်ခဲ့ကြသလို စာသင်ကြားရန်နှင့် ကစားရန် အခြေခံပစ္စည်းများ မရှိကြတော့သည့်အတွက် ၎င်းတို့၏ ပညာရေးနှင့်ပုံမှန်ဘဝကို ပြန်လည်ရရှိရန် အခွင့် အလမ်းများ ဆုံးရှုံးနေကြရကြောင်းလည်း ဖော်ပြထားသည်။
ထို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ထိခိုက်မှု အပြင်းထန်ဆုံးထဲက က လေး (၁၁၀,၀၀၀)အတွက် အကူအညီများ ပေးအပ်ရန် ဆောင်ရွက်နေပြီး ဘေးကင်းသည့် သင်ကြားရေးနေရာ၊ ဆရာ/ဆရာမများအတွက် သင်တန်းနှင့်အဓိကလိုအပ်သည့် သင်ကြားရေး ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။