စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့ရှိ သောက်ရေသန့်ထုတ်စက်ရုံများကို ဩဂုတ်လ (၁၁)ရက်တွင် ပူးပေါင်းအဖွဲ့ကကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးဝမြို့ပေါ်ရှိ သောက်ရေသန့်ထုတ်လုပ်သော MARS ရေသန့်စက်၊ ဖူးဖူးဝေ ရေသန့်စက်နှင့် ထိန်ထိန်ဝင်း ရေသန့်စက်တို့ကို သောက်ရေသန့်ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက် ထုတ်လုပ်မှု ထောက်ခံချက်ရှိ/မရှိနှင့် လိုင်စင်သက်တမ်းတိုး လျှောက်ထားမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သောက်ရေသန့် ထုတ်စက်ရုံများ ကွင်းဆင်းစစ်ဆေးရာတွင် ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဝင်း ဦးဆောင်၍ ကလေးဝမြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကလေးဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ကလေးဝမြို့ နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
