တနင်္သာရီတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျေ-ာက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထားဝယ်မြို့နယ်တွင် ယနေ့ ဩဂုတ်(၁၄)ရက်နေ့မှာ ကျင်းပခဲ့ကြောင်း သိရသည်။
အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိကလေးလုပ်သားစစ်တမ်း (၂၀၂၅-၂၀၂၆) စစ်တမ်းကောက်ယူမည့်အစီအစဉ်နှင့်ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးကလေးအလုပ်သမားပပျေ-ာက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦသက်နိုင်က ပြောကြားခဲ့သည်။
ကလေးလုပ်သားပပျေ-ာက်ရေးသည် နိုင်ငံအတွက် အရေးပါသည့်လုပ်ငန်းစဉ်ဖြစ်ပြီး ကလေးလုပ်သားဆိုင်ရာအချက်အလက်များ ရရှိနိုင်မှုသည်လည်း ကလေးလုပ်သားပပျေ-ာက်ရေးဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများချမှတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၄င်း ကပြောသည်။
ကလေးအလုပ်သမား လျော့နည်းပပျေ-ာက်စေရေးအတွက် အခြေခံအချက်အလက်များကောက်ယူရန်၊ ကလေးအလုပ်သမားများ၏ အခွင့်အရေးများကို ထိရောက်စွာကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာ မူဝါဒများကို ရေးဆွဲရာတွင် လက်ရှိအခြေအနေများကို ဖော်ပြသောညွှန်ကိန်းများ၊ အဆိုပါညွှန်ကိန်းများအပေါ် လေ့လာဆန်းစစ်မှုများနှင့် အထောက်အကူဖြစ်စေမည့်အကြောင်းရင်းများကို ရရှိနိုင်ရန်နှင့် ရရှိလာသော ကလေးအလုပ်သမားများစာရင်းကို စောင့်ကြည့်လေ့လာရန်စသည့် ရည်ရွယ်ချက်များဖြင့် စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
