Thursday, June 18, 2026

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း တိုက်ရိုက်လေကြောင်းချိတ်ဆက်မှု တိုးမြှင့်နိုင်ပါက ခရီးသွားဝင်ရောက်မှု...

မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း Mekong Tourism Forum 2026 တွင်...

သံတမန်ရေးရာ ကိစ္စရပ်တွေအတွက် မြေကွက်တွေ ထပ်ဝယ်ဖို့...

အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှာ သံတမန်ရေးနဲ့ ကောင်စစ်ဝန်ရုံး ကိစ္စရပ်တွေအတွက် မြေနဲ့ အဆောက်အအုံတွေ ထပ်ပြီး ဝယ်ယူခွင့်ပြုမယ့် သဝဏ်လွှာ အပြန်အလှန်လဲလှယ်ရေး မူကြမ်းကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...
HomeInternationalကလေးနို့မှုန့်များသည် ကျန်းမာရေးအတွက် အကျိုးရှိသည်ဟု...

ကလေးနို့မှုန့်များသည် ကျန်းမာရေးအတွက် အကျိုးရှိသည်ဟု သိပ္ပံနည်းကျ သက်သေပြမထား

ပါရီ၊ ဖေဖော်ဝါရီ ၁၆

ကမ္ဘာတစ်ဝန်းရှိ ကလေးနို့မှုန့်များကို ကြော်ငြာရာတွင် ဖော်ပြထားသော ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးအများစုကို ခိုင်လုံသော သိပ္ပံနည်းကျ အထောက်အကျများဖြင့် သက်သေပြထားခြင်းမရှိကြောင်း လေ့လာမှုတစ်ရပ်က ဖေဖော်ဝါရီလ ၁၆ ရက် ကြာသပတေးနေ့တွင် ဖော်ပြထားသည်။

လေ့လာမှုကို ပြုလုပ်ခဲ့သော သုတေသီများသည် ကလေးနို့မှုန့်များအားအသုံးပြုခြင်းကို ဆန့်ကျင်ခြင်း မဟုတ်ကြောင်း၊ သို့ရာတွင် ခိုင်လုံသော အထောက်အထားများဖြင့် သက်သေမပြထားသော ကျန်းမာရေးကောင်းကျိုးများအား ကလေးနို့မှုန့်များတွင် ထည့်သွင်းကြေညာ၍ မိဘများအား အမြင်မှားအောင် ပြုလုပ်ခြင်းကိုမူ လုံးဝဆန့်ကျင်ကြောင်း အဆိုပါလေ့လာမှုအား ရေးသားခဲ့သူ အင်ပီရီရယ် ကောလိပ် လန်ဒန်မှ ဂုဏ်ထူးဆောင် ဝါရင့်ကထိက ဒန်နီရယ် မန်ဘလစ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောခဲ့သည်။

မန်ဘလစ် နှင့် နိုင်ငံတကာ သုတေသီအဖွဲ့တစ်ဖွဲ့သည် အမေရိက၊ အိန္ဒိယ၊ ဗြိတိန်နှင့် နိုင်ဂျီးရီးယားတို့ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင်ရှိသော ကလေးနို့မှုန့် ကုမ္ပဏီများ၏ ဝဘ်ဆိုဒ်များရှိ ထုတ်ကုန် ၆၀၈ ခုတွင် ဖော်ပြထားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို လေ့လာခဲ့ကြသည်။

ကလေးနို့မှုန့်များတွင် အများဆုံးဖော်ပြထားလေ့ရှိသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများမှာ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းနှင့် ကြီးထွားနှုန်း မြန်ဆန်စေခြင်း တို့ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ကလေးနို့မှုန့်များ၏ ထက်ဝက်ခန့်တွင် ပါဝင်သောပစ္စည်းများသည် ဖော်ပြထားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများအား ဖြစ်ပေါ်စေသည့် ပစ္စည်းများနှင့် ဆက်စပ်မှု မရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ လေ့လာမှုတွင် ဖော်ပြထားသည်။

ကလေးနို့မှုန့် လေးပုံသုံးပုံသည် ၎င်းတို့တွင် ပါဝင်သော ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ တကယ်ရရှိကြောင်းကို ထောက်ခံထားသည့် သိပ္ပံနည်းကျ အထောက်အထားများကိုလည်း ထုတ်ဖော်ပြသထားခြင်း မရှိခဲ့ပေ။

ထို့ပြင် ကလေးနို့မှုန့်များ၏ ၁၄ ရာခိုင်နှုန်းသည်သာ လူသားများဖြင့် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။

ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမေရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများ (US CDC) တို့သည် ကလေးများအား မွေးဖွားပြီးနောက် ပထမခြောက်လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်အကြံပြုထားသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း တိုက်ရိုက်လေကြောင်းချိတ်ဆက်မှု တိုးမြှင့်နိုင်ပါက ခရီးသွားဝင်ရောက်မှု မြင့်တက်မည်ဟု သုံးသပ်

မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း Mekong Tourism Forum 2026 တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဖိုရမ်ကို ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ကျင်းပလျက်ရှိပြီး မဲခေါင်ဒေသ (၆) နိုင်ငံဖြစ်သည့် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက မြန်မာနိုင်ငံ၏...

သံတမန်ရေးရာ ကိစ္စရပ်တွေအတွက် မြေကွက်တွေ ထပ်ဝယ်ဖို့ မြန်မာနိုင်ငံရဲ့ တောင်းဆိုချက်ကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှာ သံတမန်ရေးနဲ့ ကောင်စစ်ဝန်ရုံး ကိစ္စရပ်တွေအတွက် မြေနဲ့ အဆောက်အအုံတွေ ထပ်ပြီး ဝယ်ယူခွင့်ပြုမယ့် သဝဏ်လွှာ အပြန်အလှန်လဲလှယ်ရေး မူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီတာ ဖတ်သီရိဝပ်တနာက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ဒီအဆိုပြုချက်ဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ နယ်မြေတွေထဲမှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး လုပ်ငန်းတွေအတွက် မြေနဲ့ အဆောက်အအုံတွေကို အပြန်အလှန် ပိုင်ဆိုင်ခွင့်ပြုမယ့် ကိစ္စရပ် ဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံဟာ ရန်ကုန်မြို့မှာ ထိုင်းသံရုံးနဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ပြီးနောက် Huajia Shanzhuang Hotel သို့ ဆက်လက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071