Thursday, August 6, 2026

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...

မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် အာဆီယံနှင့် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို...

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်သီးသန့်တွေ့ဆုံမှုအပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏...

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း...

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးကိုလိုလားသည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ကပြောသည်။ ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းသို့ ကူညီပေးရန်...

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းသို့ ကူညီပေးရန် ICRC ပထမဦးဆုံးသွားရောက်

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းသို့ ကူညီပေးရန် ICRC ပထမဦးဆုံးသွားရောက်

စွန့်ခွာရှောင်ပြေးခဲ့ရသည့် ရာနှင့်ချီသောမိသားစုများတည်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့နယ်သို့ ယခုရက်သတ္တပတ်အတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ပထမဦးဆုံးအနေဖြင့် သွားရောက်ခဲ့ပြီး ကူညီမှုများပေးအပ်ခဲ့သည်ဟု အဖွဲ့၏ကြေညာချက်အရသိရသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလလယ်ကတည်းကစတင်ခဲ့သည့် လေးကေ့ကော်တိုက်ပွဲများကြောင့် ရှောင်တိမ်းခဲ့ရသည့် ပြည်သူများအား အကူအညီပေးရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီးICRC၏ပထမဆုံးခရီးစဉ်အတွင်း စောင်များ၊ ဖျာများ၊ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ရေစစ်အိုးများ၊ သန့်ရှင်းရေးနှင့် ဆေးဝါးပစ္စည်းထားစသည့် အရေးပေါ်ပစ္စည်းများအား မယ်ထော်သလေး နှင့် အင်ကြင်းမြိုင်ရွာများမှ နေရပ်စွန့်မိသားစုထံသို့ ပေးဝေခဲ့သည်ဟု သိရသည်။

ထိုဒေသသို့သွားရောက်ခဲ့သည့် အိုင်စီအာရ်စီအဖွဲ့ကို ဦးဆောင်ခဲ့သည့် Maxime Zabaloueff က“ဒီခရီးစဉ်က ကျွန်တော်တို့ရဲ့ ပထမဆုံးခရီးစဉ်ပါ၊ အခုဆို မြေပြင်မှာလိုအပ်နေတဲ့ အရေးတကြီးလိုအပ်ချက်တွေကိုလည်း သိရှိခဲ့ရပါတယ်။ အထောက်အပံ့အချို့ကိုပေးဝေနေတုန်းမှာပဲ အစားအစာကအစ နေအိမ်နဲ့ သန့်ရှင်းရေးပစ္စည်းတွေအထိ ထောက်ပံ့ပေးဖို့တွေ၊ လက်ရှိအခြေအနေများကြောင့် ဒီတကြိမ်မှာသွားရောက်နိုင်ခဲ့ခြင်းမရှိတဲ့ ဒေသတွေ အပါအဝင်နဲ့ အခြား လိုအပ်နေချက်တွေကို ကူညီသွားဖို့လည်းလိုအပ်နေပါသေးတယ်။ ဒီတကြိမ်မှာ ကူညီမပေးနိုင်ခဲ့တဲ့ မိသားစုတွေအတွက် နောက်ထပ်အထောက်အပံ့တွေနဲ့အတူ ထပ်မံသွားရောက်ချင်ပါတယ်” ဟု ပြောပြသည်။

ICRCသည် ပစ္စည်း အချို့ကို လိုအပ်ချိန်တွင် အမြန်ဆုံးကူညီဆောင်ရွက်ရာတွင် အရေးပေါ်အထောက်အပံ့များအဖြစ် အသုံးပြုနိုင်ရန် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်ခဲ့မှုလည်း ဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အခြေအနေ နှင့် ပတ်သတ်ပြီး ICRCက ထိုဒေသတွင် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည့်အကြောင်း၊ အခြေအနေများမှာ တည်ငြိမ်မှုမရှိဘဲ တင်းမာလျက်ရှိသည့်အကြောင်း၊ ထောင်ပေါင်းများစွာမှာ မိမိတို့နေအိမ်များကိုစွန့်ခွာခဲ့ရပြီး လုံခြုံသောနေရာများကိုရှာဖွေလျက်ရှိသည့်အကြောင်းနှင့် အထူးသဖြင့် လေးကေကော်ဒေသမှသူများဖြစ်ပြီး နေထိုင်ရာနေရာသို့ ပြန်လည်ရောက်ရှိနိုင်ခြင်းရှိမရှိမှာလည်း သေချာမှုမရှိပါဟု သတင်းထုတ်ပြန်ထားသည်။

Zaw Gyi

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္အတြင္းသို႔ ကူညီေပးရန္ ICRC ပထမဦးဆုံးသြားေရာက္

စြန႔္ခြာေရွာင္ေျပးခဲ့ရသည့္ ရာႏွင့္ခ်ီေသာမိသားစုမ်ားတည္ရွိရာ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္သို႔ ယခုရက္သတၱပတ္အတြင္း အျပည္ျပည္ဆိုင္ရာၾကက္ေျခနီအဖြဲ႕ ပထမဦးဆုံးအေနျဖင့္ သြားေရာက္ခဲ့ၿပီး ကူညီမႈမ်ားေပးအပ္ခဲ့သည္ဟု အဖြဲ႕၏ေၾကညာခ်က္အရသိရသည္။

၂၀၂၁ခုႏွစ္ ဒီဇင္ဘာလလယ္ကတည္းကစတင္ခဲ့သည့္ ေလးေက့ေကာ္တိုက္ပြဲမ်ားေၾကာင့္ ေရွာင္တိမ္းခဲ့ရသည့္ ျပည္သူမ်ားအား အကူအညီေပးရန္ သြားေရာက္ခဲ့ျခင္းျဖစ္ၿပီးICRC၏ပထမဆုံးခရီးစဥ္အတြင္း ေစာင္မ်ား၊ ဖ်ာမ်ား၊ တာေပၚလင္မ်ား၊ ျခင္ေထာင္မ်ား၊ ေရစစ္အိုးမ်ား၊ သန႔္ရွင္းေရးႏွင့္ ေဆးဝါးပစၥည္းထားစသည့္ အေရးေပၚပစၥည္းမ်ားအား မယ္ေထာ္သေလး ႏွင့္ အင္ၾကင္းၿမိဳင္႐ြာမ်ားမွ ေနရပ္စြန႔္မိသားစုထံသို႔ ေပးေဝခဲ့သည္ဟု သိရသည္။

ထိုေဒသသို႔သြားေရာက္ခဲ့သည့္ အိုင္စီအာရ္စီအဖြဲ႕ကို ဦးေဆာင္ခဲ့သည့္ Maxime Zabaloueff က“ဒီခရီးစဥ္က ကြၽန္ေတာ္တို႔ရဲ႕ ပထမဆုံးခရီးစဥ္ပါ၊ အခုဆို ေျမျပင္မွာလိုအပ္ေနတဲ့ အေရးတႀကီးလိုအပ္ခ်က္ေတြကိုလည္း သိရွိခဲ့ရပါတယ္။ အေထာက္အပံ့အခ်ိဳ႕ကိုေပးေဝေနတုန္းမွာပဲ အစားအစာကအစ ေနအိမ္နဲ႔ သန႔္ရွင္းေရးပစၥည္းေတြအထိ ေထာက္ပံ့ေပးဖို႔ေတြ၊ လက္ရွိအေျခအေနမ်ားေၾကာင့္ ဒီတႀကိမ္မွာသြားေရာက္ႏိုင္ခဲ့ျခင္းမရွိတဲ့ ေဒသေတြ အပါအဝင္နဲ႔ အျခား လိုအပ္ေနခ်က္ေတြကို ကူညီသြားဖို႔လည္းလိုအပ္ေနပါေသးတယ္။ ဒီတႀကိမ္မွာ ကူညီမေပးႏိုင္ခဲ့တဲ့ မိသားစုေတြအတြက္ ေနာက္ထပ္အေထာက္အပံ့ေတြနဲ႔အတူ ထပ္မံသြားေရာက္ခ်င္ပါတယ္” ဟု ေျပာျပသည္။

ICRCသည္ ပစၥည္း အခ်ိဳ႕ကို လိုအပ္ခ်ိန္တြင္ အျမန္ဆုံးကူညီေဆာင္႐ြက္ရာတြင္ အေရးေပၚအေထာက္အပံ့မ်ားအျဖစ္ အသုံးျပဳႏိုင္ရန္ မိတ္ဖက္အဖြဲ႕အစည္းျဖစ္သည့္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းသို႔ ေပးအပ္ခဲ့မႈလည္း ေဆာင္႐ြက္ခဲ့သည္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္အေျခအေန ႏွင့္ ပတ္သတ္ၿပီး ICRCက ထိုေဒသတြင္ တိုက္ခိုက္မႈမ်ားဆက္လက္ျဖစ္ပြားေနသည့္အေၾကာင္း၊ အေျခအေနမ်ားမွာ တည္ၿငိမ္မႈမရွိဘဲ တင္းမာလ်က္ရွိသည့္အေၾကာင္း၊ ေထာင္ေပါင္းမ်ားစြာမွာ မိမိတို႔ေနအိမ္မ်ားကိုစြန႔္ခြာခဲ့ရၿပီး လုံၿခဳံေသာေနရာမ်ားကိုရွာေဖြလ်က္ရွိသည့္အေၾကာင္းႏွင့္ အထူးသျဖင့္ ေလးေကေကာ္ေဒသမွသူမ်ားျဖစ္ၿပီး ေနထိုင္ရာေနရာသို႔ ျပန္လည္ေရာက္ရွိႏိုင္ျခင္းရွိမရွိမွာလည္း ေသခ်ာမႈမရွိပါဟု သတင္းထုတ္ျပန္ထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071