Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalကမ္ဘောဒီးယား၏ ပထမဆုံးမျောက်ကျောက်လူနာအား ပြည်ဝင်ခွင့်သုံးနှစ်ပိတ်ပင်

ကမ္ဘောဒီးယား၏ ပထမဆုံးမျောက်ကျောက်လူနာအား ပြည်ဝင်ခွင့်သုံးနှစ်ပိတ်ပင်

ကမ္ဘောဒီးယား၏ ပထမဆုံးမျောက်ကျောက်လူနာအား ပြည်ဝင်ခွင့်သုံးနှစ်ပိတ်ပင်

 

ကမ္ဘောဒီးယားသည် မျောက်ကျောက်ရောဂါမှ ပြန်လည်ကောင်းမွန်လာသူ အသက် ၂၇ နှစ်အရွယ် နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးကို ပြည်နှင်ဒဏ်ပေးရန်အတွက် အမိန့်ထုတ်လိုက်သည်။ အဆိုပါအမျိုးသားသည် ဇန်နဝါရီက သက်တမ်းကုန်ဆုံးခဲ့သည့် ၎င်း၏ပညာရေးဗီဇာကြောင့် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ထိုင်းနိုင်ငံမှ ပြီးခဲ့သည့်လက ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေး၏ မနေ့ကကြေငြာချက်အရ ၎င်းသည်ပြန်လည်ကောင်းမွန်လာပြီးဖြစ်ကာ မကြာမီ နိုင်ဂျီးရီးယားသို့ ပြန်ပို့ရန်စီစဉ်နေကြကြောင်းသိရှိရသည်။ထိုသူအားကမ္ဘောဒီးယားသို့ သုံးနှစ်ဝင်ရောက်ခွင့်မပြုဟု လူဝင်မှုကြီးကြပ်ရေးအရာရှိများက ပြောသည်။

 

ကမ္ဘောဒီးယားအရာရှိများ၏ပြောကြားချက်အရ ၎င်းသည်နိုင်ငံ၏ပထမဆုံးမျောက်ကျောက်ရောဂါပိုးရှိသူတစ်ဦးဖြစ်ကာ ထိုင်းနိုင်ငံအတွက်လည်း ပထမဆုံးလူနာဖြစ်သည်ဟုဆိုသည်။၎င်းတရားခံပြေးကို ကမ္ဘောဒီးယားအာဏာပိုင်များက ဇူလိုင် ၂၃ ရက်က ဖနွမ်းပင်မြို့တော်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ထိုသူသည် ဆာကေအိုမြစ်ကိုဖြတ်၍ ကမ္ဘောဒီးယားနယ်စပ်သို့ ကူးလာခဲ့သည်ဟုယုံကြည်ရကြောင်းဆိုသည်။

 

၎င်းကို ခမာဆိုဗီယက်ချစ်ကြည်ရေး ဆေးရုံတွင် မျောက်ကျောက်ရောဂါ ကုသမှုခံယူစေခဲ့သည်။ယခုအခါ ရောဂါသက်သာလာပြီဖြစ်ကာ သြဂုတ် ၆ ရက် စနေနေ့က ဆေးရုံမှဆင်းသွားခဲ့သည်။ဇူလိုင်လ ၂၃ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါကို “ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ် ကြေညာခဲ့ကာ အမေရိကန်ကျန်းမာရေးဝန်ကြီးကလည်း နောက်ရက်တွင်ထပ်မံ၍ အရေးပေါ်အခြေနေကြေငြာခဲ့သည်။

“ပြောင်းလဲလာတဲ့ အခြေအနေတွေကြောင့် မျောက်ကျောက်ရောဂါအတွက် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာပြီးပါပြီ။ဒီဗိုင်းရပ်စ်ကို နှိမ်နင်းရာမှာ နောက်တစ်ဆင့်တက်လှမ်းဖို့ ပြင်ဆင်နေပါတယ်၊အမေရိကန်ပြည်သူတွေအနေနဲ့လည်း မျောက်ကျောက်ကိုပေါ့ပေါ့ဆဆမလုပ်ကြဖို့တိုက်တွန်းလိုပါတယ်” ဟုဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် မျောက်ကျောက်အတည်ပြုလူနာ လေးဦးရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။၎င်းတို့မှာ အသက် ၂၇ နှစ်အရွယ် နိုင်ဂျီးရီးယားအမျိုးသား၊အသက် ၄၇ နှစ်အရွယ် ထိုင်းအမျိုးသား၊ထိုင်းအမျိုးသမီး၏ခင်ပွန်း အသက် ၂၅ နှစ်အရွယ်ဂျာမန်အမျိုးသားနှင့် ပြီးခဲ့သည့်သောကြာက စစ်ဆေးတွေ့ရှိခဲ့သည့် ထိုင်းအမျိုးသမီးတစ်ဦးတို့ဖြစ်သည်။

လက်ရှိတွင်ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၈ နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၈,၂၂၀ ဦးထက်မနည်းရှိပြီး ၎င်းတို့အနက် ၈၁ ဦးမှာ ယခင်က မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသမိုင်းကြောင်း မရှိခဲ့ကြောင်း WHO မှသိရသည်။တစ်ကမ္ဘာလုံးမှာ နေ့စဉ်ကူးစက်မှုအသစ် ၅၀၀ ရှိသည်ဟုခန့်မှန်းရသည်။

အဆိုပါမျောက်ကျောက်ဗိုင်းရပ်စ်သည် အနာများ၊ ခန္ဓာကိုယ်မှထွက်‌သောအရည်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာအမှုန်အမွှားများနှင့် ညစ်ညမ်းသောပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်းတို့မှ ကူးစက်တတ်သည်။ထိုင်းကျန်းမာရေးအာဏာပိုင်များသည် မကြာသေးမီက ထိုင်းလူမျိုးများအား နိုင်ငံခြားသားများနှင့်လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ကြောင်း အကြံပေးခဲ့သည်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က ဗိုင်းရပ်စ်ပိုးသည်ခန္ဓာကိုယ်အတွင်းတွေ့ရှိခြင်းကြောင့် ကွန်ဒုံးအသုံးပြုခြင်းကလည်း ရောဂါကာကွယ်ရာတွင် အထူးထိရောက်မှုမရှိကြောင်းပြောကြားထားသည်။ထိုင်းနိုင်ငံတွင် ကူးစက်နိုင်ချေအန္တရာယ်များသော လူများအားကာကွယ်ဆေးထိုးပေးနိုင်ရန် အမေရိကမှ ကျောက်ကာကွယ်ဆေးများမှာယူထားကြောင်းသိရှိရသည်။

Source – Thaiger

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071