Thursday, August 6, 2026

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...
HomeInternationalကမ္ဘောဒီးယား၌၂၀၂၄တွင်မူးယစ်ဆေးဝါး၁၄ ဒသမ ၇...

ကမ္ဘောဒီးယား၌၂၀၂၄တွင်မူးယစ်ဆေးဝါး၁၄ ဒသမ ၇ တန်သိမ်းဆည်းရမိခဲ့

ဖနောင်ပင်၊ဇန်နဝါရီ ၁

ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၌ မူးယစ်ဆေးနှင့်ဆက်စပ်သည့်သံသယတရားခံများဖမ်းမိမှုအပါအဝင် မူးယစ်ဆေးဖမ်းဆီးရမိမှုများပါ သိသိသာသာမြင့်တက်လာခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘောဒီးယားအာဏာပိုင်များသည် ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သံသယရှိသူ ၂၆,၀၃၃ ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီး ယခင်နှစ်ကဖမ်းမိခဲ့သည့် ၁၉,၉၄၀ ထက် ၃၀ ဒသမ ၅ ရာခိုင်နှုန်းတိုးလာကာ ယင်းသို့ဖမ်းမိသူများအနက် ၉၅၄ ဦးသည် နိုင်ငံပေါင်း ၂၀ မှနိုင်ငံခြားသားများဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ဖော်ပြထားသည်။

နှစ်စဉ်ထုတ်ပြန်ချက်များအရ ကမ္ဘောဒီးယား၌ ၂၀၂၃ ခုနှစ်တစ်ခုလုံးတွင် မူးယစ်ဆေးဝါး ၂ ဒသမ ၉၇ တန်သာ သိမ်းဆည်းရမိခဲ့ကြောင်းလည်းသိရသည်။သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးအများစုမှာ ကက်တမင်း၊ခရစ်စတယ်မက်သာဖက်တမင်း၊မက်သာဖက်တမင်းဆေးပြားနှင့်စိတ်ကြွဆေးပြားများ၊ဘိန်းဖြူနှင့် ကိုကင်းများဖြစ်သည်ဟုဆိုသည်။

ကမ္ဘောဒီးယား၌ ဝန်ကြီးချုပ်ဟွန်မာနက် အာဏာရလာသည့် ၂၀၂၃ ခုနှစ် သြဂုတ်လမှစတင်ကာ တရားမဝင်မူးယစ်ဆေးဝါးများကိုတိုက်ဖျက်ရေးကြိုးပမ်းမှုများကိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး နိုက်ကလပ်များနှင့် အခြားဖျော်ဖြေရေးလုပ်ငန်းများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးအသုံးပြုမှုကိုတားမြစ်ရန် ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များကိုညွှန်ကြားခဲ့သည်။

သို့‌သော် နိုင်ငံ၏ဥပဒေအရ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို သေဒဏ်ပေးခြင်းမျိုးမရှိပဲ မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ပိုသော ရောင်းဝယ်ဖောက်ကားမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်သည်ဟုသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆) ရွာ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့အထိ စာရင်းများအရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ၆ ရွာနှင့် ကျုံပျော်မြို့နယ်မှ ၂ ရွာ၊ စုစုပေါင်း...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စန၀်တွင် ဆန်စပါးသိုလှောင်ရုံ ၅,၇၉၂ လုံး မှတ်ပုံတင်ထား

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်ကို စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ သိုလှောင်ရုံအကျယ်အဝန်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071