Saturday, June 21, 2025

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်...
HomeInternationalကမ္ဘောဒီးယား၌ကင်ဆာကြောင့်နှစ်စဉ်လူ၁၄,၀၀၀ နီးပါး‌ေ-သဆုံးနေ

ကမ္ဘောဒီးယား၌ကင်ဆာကြောင့်နှစ်စဉ်လူ၁၄,၀၀၀ နီးပါး‌ေ-သဆုံးနေ

ဖနောင်ပင်၊မေ ၅

ကမ္ဘောဒီးယားနိုင်ငံ၌ ကင်ဆာရောဂါဖြစ်ပွား‌သော လူနာအသစ်အ‌ရေအတွက်သည် ၂၀,၀၀၀ ခန့်ရှိပြီး ကင်ဆာကြောင့်‌ေ-သဆုံးသူ သည် တစ်နှစ်လျှင် ၁၄,၀၀၀ နီးပါးရှိကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူဦးရေ ၁၇ သန်းဆိုတဲ့ပမာဏနဲ့ယှဉ်မယ်ဆိုရင်တော့ ဒါဟာ များတဲ့ပမာဏလို့ပြောလို့ရပါတယ်” ဟု ၂၀၂၅ – ၂၀၃၀ ပြည့်နှစ် နိုင်ငံအဆင့် ကင်ဆာ ရောဂါ ထိန်းချုပ်ရေးစီမံကိန်း စတင်သည့် အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင်မစ္စတာဟွန်မာနက်ကထိုကဲ့သို့ ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းသည် ကင်ဆာရောဂါဖြစ်ပွားမှု အသစ်များနှင့်‌ေ-သဆုံးမှုကိုလျှော့ချရန်ရည်ရွယ်ပြီး အရည်အသွေးပြည့်မီသည့် ကင်ဆာ ရောဂါကို မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ခြင်း၊စစ်ဆေးခြင်း၊ရောဂါရှာဖွေခြင်း၊ကုသခြင်းနှင့် စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။

ကင်ဆာ‌ရောဂါ ဖြစ်နိုင်ခြေ ကို လျှော့ချရန် သစ်သီးများ၊ဟင်းသီးဟင်းရွက်များ၊အစေ့အဆံများနှင့် ပရိုတင်းဓါတ်များကြွယ်ဝစွာပါဝင်သည့်အစားအစာများ ကို စားသုံးကာ ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ပုံမှန်ပြုလုပ်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အစားအသောက်များဘေးကင်းရေးနှင့် ဓါတုပစ္စည်းများကင်းစင်ရေးအတွက် ပုံမှန်စစ်ဆေးမှုများကိုပြုလုပ်ကာ စည်းကမ်းတင်းကျပ်ရန်ကို ညွှန်ကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ အသည်းကင်ဆာသည်အဖြစ်အများဆုံးဖြစ်ပြီး ယင်းနောက် အဆုတ်၊ရင်သား၊အူမကြီးနှင့်သားအိမ်ခေါင်းကင်ဆာများလည်းဖြစ်လေ့ရှိသည်ဟု ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့် စက်သုံးဆီ ဖူလုံမှုရှိဟုဆို

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် သက်သာလျော့နည်းပြီး ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် (၁၀ဝ) မှ ကျပ် (၁၅၀)ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြိုတင်မှာယူထားသည့်အစီအစဉ်အတိုင်း ပြည်ပမှစက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း၌ စက်သုံးဆီ...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍ အသုတ်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ "ဆေးရရှိမှုပေါ်မူတည်ပြီးထိုးပေးပါမယ် အသုတ်လိုက်ထိုးပေးပါမယ်နော်"ဟု ကျိုက်ထိုပြည်သူကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အပြင် ကျောင်းနေအရွယ်ကလေးများအားလုံးကိုလည်း ၎င်းတို့တက်ရောက်နေသည့်ကျောင်းများ၌ သွားရောက်ထိုးနှံပေးမည်ဖြစ်သည်ဟု သိရသည်။ ယခုဇွန်လအတွင်း ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲရသူအမျိုး သား၂ဦး တွေ့ရှိသည့်အနက် ၁ ဦးမှာဆေး ရုံဆင်းခွင့် ရရှိပြီဖြစ်ကာ ကျန် ၁ဦးမှာ ဆေးဝါးဆက်လက် ကုသမှုခံယူနေရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071