ဒီဇင်ဘာ ၃
ဇန်နဝါရီလ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က နိုင်ငံဝောာ်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွတ်လပ်ရေးနေ့ဂုဏ်ပြုသဝဏ်လွှာကိုပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
၎င်း၏သဝဏ်လွှာတွင် “ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်နှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီတို့ကို ကိုယ်စားပြု၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်အပါအဝင် အစိုးရ အဖွဲ့နှင့် မြန်မာပြည်သူများကို ကျွန်ုပ်ကလှိုက်လှဲစွာ ဂုဏ်ပြုကြောင်းနှင့် ဆုမွန်ကောင်းတောင်းအပ်ကြောင်း သဝဏ်လွှာ ပေးပို့လိုပါသည်” ဟု ဖော်ပြထားရှိသည်။
ဆက်လက်၍ ၎င်းက “မြန်မာအစိုးရ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်မှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် ပြည်သူများ၏ သာယာဝပြောရေးအတွက် ကတိကဝတ်ပြုမှုများကို အသိအမှတ်ပြုပါကြောင်း၊ တူညီသော ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု တန်ဖိုးများ၊ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုတို့အပေါ် အခြေခံထားသည့် နှစ်နိုင်ငံအကြား ခိုင်မာသော ဆက်ဆံရေးကို ကျွန်ုပ်အနေဖြင့် အထူးတန်ဖိုးထားပါကြောင်း” နှင့် အဆိုပါအချက်များသည် အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မစ္စတာ ဟွန်ဆန်က ကမ္ဘောဒီးယား-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်အတွက် ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း သိရသည်။
Ref: ခမာတိုင်းမ်စ်
