ကမ္ဘောဒီးယား၏ ထိုင်းပိုင်နက်ကို ခြိမ်းခြောက်မှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ထိုင်းကြည်းတပ်နှင့် ရေတပ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ကို ပိ-တ်လိုက်ကြောင်း သိရသည်။
ပထမစစ်တိုင်းဌာနနှင့် ဒုတိယစစ်တိုင်းဌာနတို့သည် ဘူရီရမ်၊ ဆာကာအို၊ စီဆာကက်နှင့် ဥဘုံရတ်ချာဌာနီပြည်နယ်များရှိ နယ်စပ်တလျှောက်တွင် စီမံချက်ကို အကောင်အထည်ဖော်ခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
စီမံချက်အရ ယာဉ်အားလုံး နယ်စပ်ကို ဖြတ်သန်းခြင်းအား ပိ-တ်ပင်ထားသည်။ ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွားများအပါအဝင် နိုင်ငံခြားသားများ ခရီးသွားလာခြင်းနှင့် ကုန်သွယ်မှုပုံစံအားလုံးကိုလည်း တားမြစ်ထားသည်။
အရေးပေါ်လူနာများ၊ ကျောင်းသားများနှင့် လူထု၏ နေ့စဉ်ဘ၀ လိုအပ်ချက်များအတွက် သွားလာမှုများကိုသာ ဒေသခံတပ်ဖွဲ့များ၏ ဆုံးဖြတ်ပိုင်ခွင့်အရ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဖြစ်သည်။
ယခုစီမံချက်သည် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေးအရပါ တင်းမာမှုများဖြစ်နေသော ကမ္ဘောဒီးယားနှင့် ပဋိပက္ခ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အစိုးရမူဝါဒများနှင့် ကိုက်ညီသော လုပ်ဆောင်ချက်ဖြစ်သည်ဟု ဗိုလ်ချုပ် ဝင်ထိုင်းက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်