ဖနောင်ပင်၊ဧပြီ ၂၁
ကမ္ဘောဒီးယားနှင့်မလေးရှားတို့သည် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင်ဖော်ဆောင်ရန် ကတိပြုခဲ့ကြောင်း ကမ္ဘောဒီးယားဘုရင့်တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားဘုရင့်တပ်မတော်၏တပ်မှူး ဗိုလ်ချုပ်ကြီးမော်ဆိုဖန်နှင့် မလေးတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမဒ်ဟဖ်ဇူဒီယန်ဂျန်တန်တို့၏တွေ့ဆုံမှုတွင် ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
နှစ်ဖက်တာဝန်ရှိသူများကမူ ကမ္ဘောဒီးယားနှင့်မလေးရှားတို့အကြားရှိ နီးကပ်စွာဖြင့် ကာလရှည် ကြာသော ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထားကာ တပ်မတော်နှစ်ရပ်အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ပံ့ပိုးကူညီမှုများအတွက် အားရကျေနပ်မိကြောင်းကိုလည်း ထုတ်ဖေါ်ပြောကြားခဲ့ကြသည်။
ပိုမိုကျယ်ပြန့်သည့် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသောအစိတ်အပိုင်းတစ်ခုအဖြစ် စစ်တပ်အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးသည် အရေးကြီးကြောင်း ၎င်းတို့နှစ်ဦးကအလေးပေးပြောကြားခဲ့ကြသည်။
Source : ရှင်းဟွာ