ဖနောင်ပင်၊ဧပြီ ၁၁
ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် နှစ်နိုင်ငံနယ်စပ်ဒေသများရှိ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ၎င်းအနေဖြင့် နယ်စပ်ဒေသကို မိုင်းကင်းစင်ပြီး လုံခြုံငြိမ်းချမ်းစေလိုကြောင်းလည်းပြောကြားခဲ့သည်။
နှစ်ဖက်သက်ဆိုင်ရာအာဏာပိုင်များ၏အဆိုအရ နယ်စပ်ဒေသမိုင်းရှင်းလင်းရေးလုပ်ငန်းသည် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ်ကျန်ရှိနေသေးပြီး မြေပြင်အနေအထားခက်ခဲမှု၊ စိုက်ပျိုးမြေများများစွာရှိနေခြင်းနှင့် အဆိပ်သင့်မြေဧရိယာများများစွာရှိနေခြင်းတို့ကြောင့် မိုင်းရှင်းလင်းရန်အချိန်အတိုင်းအတာများစွာလိုအပ်လိမ့်ဦးမည်ဟုလည်း သိရသည်။
အချို့သောနေရာများတွင်မူ မိုင်းရှင်းလင်းတူးဖော်ရေးလုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိသည့်အတွက် အလားတူပြဿနာများကို ဖြေရှင်းနိုင်ရန်ုလည်းနှစ်ဖက်သေချာတွေ့ဆုံဆွေးနွေးဖို့လိုအပ်နေသေးသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့ကြောင့်ပင် မိုင်းရှင်းလင်းရေးလုပ်ငန်းများအားဆောင်ရွက်ရာ၌ နှစ်ဖက်သဘောတူညီချက်များအပေါ် လေးစားသမှုဖြင့် ပြုမူဆောင်ရွက်ကြောင်းသေချာစေဖို့အတွက် တွေ့ဆုံညှိနှိုင်းမှုကလိုအပ်သည်ဟုလည်းဆိုခဲ့သည်။
ကမ္ဘောဒီးယားသည် စစ်အကြွင်းအကျန်မြေမြှုပ်မိုင်းများကို အပြီးသတ်ဖယ်ရှားရှင်းလင်းရန် သန္နိဋ္ဌာန်ချမှတ်ထားသည့်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်အကုန်အထိ (၃,၂၉၇) စတုရန်းကီလိုမီတာအထိ မိုင်းရှင်းလင်းရေးဖော်ဆောင်နိုင်ခဲ့ကာ ဘေးကင်းသောနယ်မြေအဖြစ် ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။
Source : ခမာတိုင်းမ်စ်