ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။
နယ်စပ်မြို့ဖြစ်သော ပွိုင်ပက်တွင် အွန်လိုင်းလောင်းကစားနှင့် ခေတ်မီဆန်းပြားသော ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အဆောက်အအုံကို ပစ်မှတ်ထား၍ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ငွေလိမ်လုပ်ငန်းများတွင် ဂျပန်နိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ဟူသော သတင်းပေးချက်အရ ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးအာဏာပိုင်များက အင်္ဂါနေ့တွင် စီးနင်းရှာဖွေခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။ အဆိုပါဖြစ်စဉ်ကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အတည်ပြုခဲ့ပြီး လက်ရှိတွင် အချက်အလက်များကို စိစစ်နေသည်ဟု ဆိုသည်။ ဂျပန်တရားဥပဒေစိုးမိုးရေးအာဏာပိုင်များကလည်း ထပ်မံစုံစမ်းစစ်ဆေးမှုများအတွက် ဒေသတွင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် တည်ရှိသော ပွိုင်ပက်သည ်၎င်း၏ ကာစီနိုရုံများကြောင့်သာမက ရာဇဝတ်မှုများအခြေစိုက်ရာနေရာတစ်ခုအဖြစ်လည်း လူသိများသည်။ ယခင်က မြဝတီမြို့တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် ငွေလိမ်ဂိုဏ်းများသည် လက်ရှိတွင် ၎င်းတို့၏ လုပ်ငန်းများကို ပွိုင်ပက်သို့ ရွှေ့ပြောင်းခဲ့သည်ဟူသော သတင်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ Ref: သည်ဂျပန်တိုင်းမ်စ်
ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ
