ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များက ထိုင်းအချုပ်အခြာ အာဏာပိုင်နက်နယ်မြေကို ထိပါးလာပါက ချက်ချင်းလက်တုန့်ပြန်ရန် ခွင့်ပြုမိန့်ပေးထားသည်ဟု ထိုင်း အမှတ် ၂ စစ် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်းစင် ပက်ကလန်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်၏ သက်တော်စောင့်ဌာနချုပ်(BHQ) မှ ဟု ယူဆရသည့် ကမောဒီးယားစစ်သားများကို ထိုင်းနယ်ခြားစောင့်ကြည့်ရေး ကင်းလှည့်နယ်မြေအနီးတွင် တွေ့ရှိခဲ့သည်ဆိုသော သတင်းများထွက်လာပြီးနောက် ယခုကြေညာချက်ထွက်လာခြင်းဖြစ်သည်။
စနေနေ့ကလည်း ကမ္ဘောဒီးယားစစ်သားများသည် ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်အတွင်းသို့ တရားမဝင်ဖြတ်ကျော်ကာ လူသတ်မိုင်းများထောင်ခဲ့ခြင်းဖြင့် နိုင်ငံတကာသဘောတူညီချက်များနှင့် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖေ-ာက်ခဲ့ကြောင်း ထိုင်းအမှတ် ၂ စစ်တိုင်းမှူးက စွပ်စွဲခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင် စီဆာကက်ပြည်နယ် ဖူစင်းခရိုင်၌ပြုလုပ်မည့် နှစ်နိုင်ငံအကြားဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုများကို ဒုတိယဗိုလ်ချုပ်ကြီး ဘွန်းစင်းက ဖြေကြားပေးခဲ့ရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းစစ်သားများ၏ ကင်းလှည့်မှုကို BHQ တပ်ဖွဲ့က စောင့်ကြည့်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုသည် ယူဆချက်တစ်ခုသာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဘွန်းစင်းက ပြောကြားခဲ့ပြီး “ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်တာတွေ့ရင်တော့ ထိုင်းစစ်တပ်က ပ-စ်ပါမယ်” ဟု ပြောကြားလဲ့သည်။
မြေမြုပ်မိုင်းထောင်ခြင်းအပါအဝင် ကျူးကျော်မှုတစ်စုံတရာတွေ့ရှိပါက ချက်ချင်းတုန့်ပြန်နိုင်သည်ဟု ၎င်း၏ တပ်ဖွဲ့ဝင်များကို လမ်းညွှန်ချက်ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
