Saturday, June 7, 2025

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း...

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...
HomeNewsLocal Newsကမ္ဘောဒီးယားငွေလိမ်ဂိုဏ်းများမှ လွတ်လာသူများတွင် ထိုင်းအများစုပါဝင်

ကမ္ဘောဒီးယားငွေလိမ်ဂိုဏ်းများမှ လွတ်လာသူများတွင် ထိုင်းအများစုပါဝင်

ဆိုက်ဘာရာဇဝတ်မှုများကို အာဏာပိုင်များက ဆက်လက် ဖော်ထုတ်နှိမ်နင်းနေရာ ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတစ်ခုမှ လွတ်မြောက်လာသော နိုင်ငံခြားသား ၂၃၀ ဦးတွင် ထိုင်းနိုင်ငံသား စုစုပေါင်း ၁၁၉ ဦး ပါဝင်သည်ဟု ဆိုသည်။

Banteay Meanchey ပြည်နယ် Poipet မြို့ရှိ နေရာနှစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ကြောင်း ကမ္ဘောဒီးယားရဲချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်ဟု ခမာတိုင်းမ်စ်က စနေနေ့(မတ်လ ၁ရက်နေ့) ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

စီးနင်းမှုများတွင် တွေ့ရှိခဲ့သည့် နိုင်ငံခြားသား ၂၃၀ တွင် ၁၂၃ ဦးသည် ထိုင်းနိုင်ငံသားများဟု ဆိုသော်လည်း ၁၁၉ ဦးသည်သာ ထိုင်းနိုင်ငံမှဟု အတည်ပြုခဲ့သည်။ အခြား လွတ်မြောက်နိုင်ငံခြားသားများတွင် မြန်မာနှင့် လာအိုနိုင်ငံသားများ ပါဝင်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသား ၁၁၉ ဦး(ကျား ၆၁၊ မ ၅၈) ဦးသည် ဝင်ငွေမြင့်မားသည်ဟူသောစည်းရုံး ဆွဲဆောင်မှု‌ကြောင့် အွန်လိုင်းရာဇဝတ်လုပ်ငန်းများတွင် လုပ်ကိုင်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့သည် ယင်းအဖွဲ့များသို့ လာရောက်ရန်အတွက် လှည့်ဖြားသိမ်းသွင်းခံရခြင်းမဟုတ်ကြောင်းနှင့် ၎င်းတို့ ဆန္ဒအတိုင်း လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။

၎င်းတို့အနေဖြင့် ထိုင်း သို့မဟုတ် ကမ္ဘောဒီးယားအစိုးရများထံသို့ အကူအညီတောင်းခံခြင်းမျိုး မလုပ်ခဲ့ဟု သိရသည်။

ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသားအားလုံးကို နေရပ်ပြန်ပို့ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်လူမျိုးပိုင် အွန်လိုင်းလုပ်ငန်းများကို သုံးလကြာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးနောက် စီးနင်းဖမ်းဆီးခြင်းများ လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း တရုတ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊ သားသမီးများလည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။ အာဆီယံဗီဇာသည် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) နှင့် အရှည်ဆုံး ဗီဇာသက်တမ်း (၅) နှစ်ထိ၊ အရှည်ဆုံး နေထိုင်ခွင့်ကာလ ရက် (၁၈၀) ရှိသည်။ ဗီဇာလျှောက်ထားမှုများကို လာမည့် ဇွန် (၉) ရက်ကစပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အာဆီယံဗီဇာလျှောက်ထားလိုသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင် အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လုပ်ငန်းခွင် မပျ-က်ဌာနအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်က လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU)မှ တာဝန်ခံ ဆရာဝန်အပါအဝင် ဝန်ထမ်း (၁၅)ဦးတို့သည် အဂတိ လိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်ရုံးရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်း (၁၂၂)ဦးတို့အား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုအပါအဝင် ဆေးဝါးကုသမှုများ၊ ဓါတ်ခွဲစစ်ဆေးမှုများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071