ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက်(ICDO)က ကြီးမှူး၍ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲကို စက်တင်ဘာ ၂၃ ရက်က ဗီယင်နာမြို့တော်ခန်းမတွင်ကျင်းပရာ မြန်မာသံရုံး၊ ဗီယင်နာမြို့မှ ပုဂံခေတ်၊ အင်းဝခေတ်၊ ကိုလိုနီခေတ်အလွန်နှင့် မျက်မှောက်ခေတ်တို့၏ မြန်မာ့ရိုးရာဝတ်စုံများဖြင့်တင်ဆက်ပြသခဲ့သည်။
အဆိုပါ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၂၉)နိုင်ငံမှ ရိုးရာဝတ်စားဆင် ယင်မှုများ၊ ရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်ပြသခဲ့ကြသည်။
