Thursday, June 5, 2025

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု...

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ဟုယူကရိန်၏...
HomeInternationalကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့်တင်ရေး ထိုင်းနှင့်...

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့်တင်ရေး ထိုင်းနှင့် ဗီယက်နမ်တို့ ပူးပေါင်းမည်

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့်တင်ရေး ထိုင်းနှင့် ဗီယက်နမ်တို့ ပူးပေါင်းမည်

ဘန်ကောက်၊ ဩဂုတ် ၂၉

ထိုင်းနှင့် ဗီယက်နမ်တို့သည် ကမ္ဘာ့ဈေးကွက်၌ ဆန်ဈေးနှုန်းမြင့်တင်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ထိုင်းစိုက်ပျိုးရေးအရာရှိတစ်ဦးက ဩဂုတ်လ ၂၉ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ 

ထိုင်းနှင့် ဗီယက်နမ်တို့သည် ကျေးလက်ဝင်ငွေတိုးတက်စေရးအတွက် ရည်ရွယ်၍ လပေါင်းများစွာကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒါဟာ ထိုင်းနဲ့ ဗီယက်နမ်တို့ ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးမြှင့်တင်ဖို့အတွက် ပထမဆုံး အကြိမ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာပါ” ဟု ထိုင်းစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး၏ အကြံပေး ဖြစ်သူ Alongkorn Ponlaboot က ဗီယက်နမ် အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုင်းနှင့် ဗီယက်နမ်တို့သည် မေလကတည်းက စ၍ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အဆိုပါဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံ၏ ဆန်တင်ပို့မှု စျေးနှုန်းကို မြှင့်တင်ရန်၊ ကမ္ဘာ့ဈေးကွက်၌ ရောင်းအားကို မြှင့်တင်ရန်နှင့် လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ရန်အတွက်သာ ဖြစ်သည်။

အဆိုပါနှစ်နိုင်ငံသည် ကမ္ဘာ့ဆန်ကြမ်းထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ပို့ကုန် ၂၆ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည်ဟု အမေရိကန်စိုက်ပျိုးဌာနက ဆိုသည်။

မည်သည့်အချိန်တွင် ဆန်းဈေးမြှင့်တင်မှုစတင်အကျိုးသက်‌ေရာက်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 

နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲ အကျဉ်းချုပ်နှင့် ဆန်ဈေးနှုန်းများ ပူးတွဲမြှင့်တင်မည့် အကြံပြုချက်ကို သက်ဆိုင်ရာနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးများထံ တင်ပြသွားမည်ဖြစ်ကြောင်း  Alongkorn က ပြောကြားခဲ့သည်။

“ဒီကိစ္စကို အကောင်အထည်ဖော်နိုင်မှာလားလို့ မေးရင်တော့ တိကျတဲ့ အဖြေကို ကျွန်တော်ပေးနိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ ဟာ စိုက်ပျိုးရေးလောကမှာ မဟာဗျူဟာမြောက် မိတ်ဖက်တွေအဖြစ် အတူတကွ လက်တွဲပြီး ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပါပြီ” ၎င်းကဆိုသည်။

ဗီယက်နမ် စားနပ်ရိက္ခာအဖွဲ့နှင့် ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့က အဆိုပါကိစ္စနှင့် ပတ်သက်၍ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။

Source: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား ယာယီပြ-တ်မည်

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက်ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို စီးနင်းရာတွင် သွားလာရာ၌ အဆင်ပြေစေကာ ခေါ်ယူရလွယ်မည့် လုံခြုံစိတ်ချရမည့် Grab ကဲ့သို့ Maxride application ကတဆင့်လည်း ခေါ်ယူနိုင်မည် ဖြစ်သည်။ လက်ရှိတွင် သန်လျင်မြို့နယ်အတွင်း ယာဉ်အစီးရေ (၉၈) စီးဖြင့် စတင်ဝန်ဆောင်မှုပေးနေပြီး အခြား (၁၃) မြို့နယ်၌လည်း အဆိုပါ application ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများအနေဖြင့်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071