Saturday, May 30, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ...

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးကိစ္စရပ်များဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး...

မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကူညီပံ့ပိုးပေးသွားလိုကြောင်း တရုတ်သံအမတ်ကြီး...

မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကူညီပံ့ပိုးပေးသွားလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က မေလ ၂၉ ရက်က နေပြည်တော်တွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့...

ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု...

ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပ ဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များနှင့် မေ ၂၉...
HomeNewsLocal Newsကမ္ဘာလုံးဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်၊

ကမ္ဘာလုံးဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်၊

မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ဆင်းရဲမှုလျှော့ချရေးကို အားပေးကြောင်း ထပ်လောင်းအတည်ပြု

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs-MARA) က ကြီးမှူး၍ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ မေ ၂၇ ရက်မှ ၂၈ ရက်အထိ Beijing International Convention Center တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖိုရမ်ဆွေးနွေးပွဲတွင် တက်ရောက် လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ က အုပ်စုခွဲ၍ ခေါင်းစဉ်အသီးသီး ဖြင့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက Sub-Forum 3: Social Equity and Inclusive Development ကဏ္ဍ၌ မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ဆင်းရဲမှုလျှော့ချရေးကို အားပေးကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းကာ ဆင်းရဲမှုလျှော့ချရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပထမအကြိမ် ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကမ္ဘာ့မိတ်ဖက်အဖွဲ့အစည်းကော်မတီအစည်းအဝေးကို ကျင်းပရာ “ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်အဖွဲ့အစည်း” (Global Partnership for Poverty Reduction and Development Alliance) ကို တရားဝင်တည်ထောင်ကြောင်း ကြေညာခဲ့သည်။

မိတ်ဖက်အဖွဲ့အစည်း တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းအကျိုးရှိရေးကို အခြေခံကာ ဆင်းရဲမှုလျှော့ချရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် GPPAD Charter၊ ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးချယ်ခြင်း၊ GPPAD Action Plan တို့ကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့်ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum) သို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Liu Guozhong နှင့် ပါတီအဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Ministry of Agricu-lture and Rural Affairs မှဝန်ကြီး H.E. Mr. ZHANG Zhu၊ ကမ္ဘောဒီးယား၊ ကိုလံဘီယာ၊ လိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မိုဇမ်ဘစ်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တောင်အာဖရိက၊ ဥဇဘက်ကစ္စတန်၊ အိုင်ဗရီကို့စ်တို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာန (IPRCC) မှ ကိုယ်စားလှယ်များ၊ UN အဖွဲ့အစည်းကိုးခုမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးတို့ တွေ့ဆုံ

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးကိစ္စရပ်များဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis တို့သည် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မန္တလေးငလျင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်...

မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကူညီပံ့ပိုးပေးသွားလိုကြောင်း တရုတ်သံအမတ်ကြီး Ms. Ma Jia ပြောကြား

မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကူညီပံ့ပိုးပေးသွားလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က မေလ ၂၉ ရက်က နေပြည်တော်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Li Qianguo တို့လည်း တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံစဉ် သံအမတ်ကြီး Ms. Ma Jia က ပညာရေးသည် နိုင်ငံတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအစိုးရများအနေဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အတူ ‎နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ၊ ဒု-ဝန် ကြီးများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071