Thursday, June 5, 2025

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း...

အိန္ဒိယ၌ခရစ်ကက်ကွင်းအပြင်တွင်လူအုပ်ပြို၍ ၁၁ ဦး​ေ-သ၊ ၅၀...

နူးဒေလီ၊ဇွန် ၄ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂယ်လ်လူရူမြို့ရှိ ခရစ်ကက်အားကစားရုံအပြင်ဘက်၌ ဗုဒ္ဓဟူးနေ့က လူအုပ်ပြိုကျရာ လူ ၁၁ ဦးထက်မနည်း​ေ-သဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ Royal Challengers...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ်...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့...

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို...

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊...
HomeInternationalကပ်ရောဂါဖြစ်ပွားမှု၌ ဂျပန်ကမ္ဘာ့နံပါတ်တစ်ဖြစ်နေ

ကပ်ရောဂါဖြစ်ပွားမှု၌ ဂျပန်ကမ္ဘာ့နံပါတ်တစ်ဖြစ်နေ

ကပ်ရောဂါဖြစ်ပွားမှု၌ ဂျပန်ကမ္ဘာ့နံပါတ်တစ်ဖြစ်နေ

တိုကျို၊ဇူလိုင် ၂၇

ယခုအခါတွင် ဂျပန်နိုင်ငံသည် ကပ်ရောဂါဖြစ်ပွားမှု၌ကမ္ဘာ့စံချိန်တင်အနေအထား၌ရှိနေပြီး နိုင်ငံ၏တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများကိုဖြေလျှော့ပေးမည့် မျှော်လင့်ချက်ကလည်း မရေမရာဖြစ်လာခဲ့သည်။

အင်္ဂါနေ့တွင် နိုင်ငံတစ်ဝန်း ကူးစက်မှုအသစ် ၁၉၆,၀၀၀ ကိုအတည်ပြုခဲ့ပြီး၊ ဒုတိယအများဆုံး စံချိန်တင်ကာအမေရိကန်နှင့်ဂျာမနီကိုကျော်ခဲ့သည်။Our World In Data အရ ဂျပန်သည် တဦးချင်းအလိုက်နှိုင်းယှဥ်ပါက စင်္ကာပူနှင့်သြစတြေးလျတို့နောက် အဆင့် ၉ တွင်ရှိနေသည်။

တချိန်က ဂျပန်သည် အခြားနိုင်ငံအများစုထက် နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိုမိုတင်းကျပ်ထားခဲ့သည်။ဥပမာအားဖြင့် ခရီးသွားများကို သတ်မှတ်ထားသော ပက်ကေ့ဂျ်ခရီးစဉ်များဖြင့်သာ ဝင်ခွင့်ပြုပြီး နေ့စဉ်လာရောက်သူဦးရေ ၂၀,၀၀၀ ကို ကန့်သတ်ထားခြင်းမျိုးဖြစ်ပြီး ၎င်းပမာဏသည် ၂၀၁၉ ခုနှစ်ကပ်ရောဂါမဖြစ်ပွားမီ ဝင်ရောက်ခဲ့သောနေ့စဉ်ပျမ်းမျှလူ ၁၄၀,၀၀၀ ထက် နည်းပါးကြောင်းတွေ့ရှိရသည်။


အစိုးရ၏ကိုဗစ် ထိန်းချုပ်ရေးတွင်ပါဝင်သောအလုပ်အဖွဲ့တစ်ဖွဲ့က ကူးစက်မြန်သော်လည်း အသေအပျောက်နည်းသော BA.5 အိုမီခရွန်မျိုးကွဲကြောင့် ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာခြင်းဖြစ်သည်ဟုဆိုသည်။ဂျပန်လူမျိုး ၆၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးသုံးကြိမ်ထိုးထားပြီးဖြစ်သော်လည်း နောက်ဆုံးအကြိမ်ထိုးနှံပြီးမှုကြာပြီဖြစ်သောကြောင့်ရောဂါပိုးကူးစက်မှု မြင့်တက်လာနိုင်သည် ဟုလည်းဆိုသည်။

ကူးစက်လွယ်သော အိုမီခရွန်မျိုးကွဲများ ပျံ့နှံ့နေသော်လည်း လူများသည်ကပ်ရောဂါနှင့်လိုက်လျောညီထွေ နေထိုင်ရမှုကို ငြီးငွေ့လာကြသည်။Japan Productivity Center မှ မကြာသေးမီက လူပေါင်း ၁,၁၀၀ အားပြုလုပ်ခဲ့သော အွန်လိုင်းစစ်တမ်းတစ်ခုအရ အိမ်မှအလုပ်လုပ်သူပမာဏသည် ၁၆ ရာခိုင်နှုန်းသာရှိကာ ၂၀၂၀ ခုနှစ် မေလတွင် စတင်ခဲ့သော စစ်တမ်းများ၏နောက်ပိုင်း အနိမ့်ဆုံးကိန်းဂဏန်းပမာဏဖြစ်သည်။လူအချင်းချင်း ထိတွေ့ဆက်ဆံမှု များလာသည်နှင့်အမျှ ကူးစက်နိုင်ခြေလည်း တိုးလာနိုင်သည်ဟုဖော်ပြထားသည်။

တိုကျိုတွင်ဆေးရုံရှိကုတင်များ၏ ၅၀ ရာခိုင်နှုန်းသည် လူနာများဖြင့်ပြည့်နေသည်။ကျန်းမာရေး စောင့်ရှောက်မှုအားနည်းသော ကျေးလက်ဒေသများတွင် အခြေအနေသည် ပိုမိုဆိုးရွားလာကာ Shizuoka စီရင်စု၏အုပ်ချုပ်ရေးမှူး Heita Kawakatsu က သတင်းထောက်များအား “ပုံမှန်ကျန်းမာရေးစနစ်က ထိခိုက်နေပြီ” ဟု ပြောကြားခဲ့ကာ ရောဂါအခြေနေမပြင်းထန်ပါက အရေးပေါ်အခန်းများအသုံးမပြုကြရန်ဒေသခံများအားတိုက်တွန်းထားသည်။

ဂျပန်နိုင်ငံတွင် နွေရာသီအားလပ်ရက် ရာသီသို့ ရောက်ရှိလာပြီး ပြည်တွင်းခရီးသွားများ ပိုမိုများပြားလာခြင်းကြောင့်လည်း အခြေအနေက ပိုမိုဆိုးရွားလာနိုင်သည်။ဩဂုတ်လ ၁၀ ရက်မှ ၁၇ ရက်အထိ တစ်ပတ်အတွင်း ကျည်ဆန်ရထားလက်မှတ်များ ကြိုတင်ဝယ်ယူမှုမှာ စုစုပေါင်း ၁ ဒသမ ၄ သန်းရှိပြီး ယမန်နှစ်အလားတူအချိန်ထက် ၂ ဒသမ ၈ ဆခန့် ပိုများကြောင်း JR Group ကုမ္ပဏီက ကြေညာခဲ့သည်။

ကိုဗစ်ရောဂါဖြစ်ပွားမှုများ မြင့်တက်နေသော်လည်း ဗဟိုအစိုးရသည် လူမှုရေးဆိုင်ရာပွဲလမ်းသဘင် ကန့်သတ်ချက်များနှင့်တင်းကျပ်သော နယ်စပ်စည်းမျဥ်းများကို ချမှတ်ထားခြင်းမရှိပေ။

သို့သော်လည်း “ပြည်တွင်းအခြေအနေကို နိုင်နိုင်နင်းနင်း မထိန်းချုပ်နိုင်သရွေ့ နယ်စပ်စည်းမျဥ်းကန့်သတ်ချက်များ လျှော့ပေါ့ရန်ခက်ခဲ‌နေသေးသည်” ဟု Japan Research Institute မှ စီးပွားရေးပညာရှင်အကြီးအကဲ Shinichi Nishioka က ပြောကြားခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံသည်ကူးစက်မှုအသစ်များနှင့် စီးပွားရေးလုပ်ဆောင်မှုအပေါ် ကန့်သတ်ချက်များကြားတွင် ကုန်သွယ်ရေးသဘောထားကို ဟန်ချက်ညီစေရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

သတင်းကောင်းကတော့ လက်ရှိဖြစ်ပွားမှုလှိုင်းဟာ မကြာခင်မှာ အထွတ်အထိပ်သို့ ရောက်နိုင်ဖွယ်ရှိပါတယ်။Nagoya Institute of Technology မှ ပါမောက္ခအဖွဲ့တစ်ဖွဲ့သည် ယခင်က ဖြစ်ပွားခဲ့ဖူးသော‌ဒေတာများ၊ ကာကွယ်ဆေးထိရောက်မှုနှင့် လူသားစီးဆင်းမှုဒေတာများအပေါ် အခြေခံ၍ ရောဂါအသစ်အရေအတွက်ကို ခန့်မှန်းရန်ဥာဏ်ရည်တုကိုအသုံးပြုခဲ့သည်။

BA.5 ၏ကူးစက်မှုသည် BA.2 ထက် ၁ ဒသမ ၃ ဆပိုမိုမြင့်မားသည်ဟူသော အချက်အပေါ်အခြေခံ၍ တိုကျိုမြို့တွင်ကူးစက်မှုအသစ် အရေအတွက်သည် အင်္ဂါနေ့ကကူးစက်မှုပေါင်း ၃၁,၅၉၃ ခုနှင့်နှိုင်းယှဉ်ပါက သြဂုတ်လ ၆ ရက်နေ့တွင်လူပေါင်း ၃၉,၀၀၀ ဝန်းကျင်ဖြင့်အထွတ်အထိပ်သို့ရောက်ရှိရန်ခန့်မှန်းထားကြောင်းသိရှိရသည်။

Source – Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း ကာကွယ်ဆေးများစနစ်တကျထိုးနှံမှုခံယူခြင်းဖြင့်ကာကွယ်နိုင်သည်ဟု ပြောသည်။ ထို့အတူ ပြည်သူ့ဆေးရုံများတွင်လာရောက်မွေးဖွားသည့် မွေးကင်းစကလေးများကို အသည်းအရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးထိုးပေးခြင်းနှင့် အသက်(၅)နှစ်အောက်ကလေးများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးပါဝင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးကို လေးကြိမ်ထိုးနှံပေးခြင်းများဖြင့် အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကို ကာကွယ်တားဆီးပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် ဆေးနှင့်ဆေးပစ္စည်းများကို လူနာများအတွက်အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လူနာဆေးကုသမှုပိုမိုဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၄ ရက်မှ ၅ ရက်အထိကျင်းပသွားမည်ဖြစ်ကာ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့်...

အိန္ဒိယ၌ခရစ်ကက်ကွင်းအပြင်တွင်လူအုပ်ပြို၍ ၁၁ ဦး​ေ-သ၊ ၅၀ ဦး ဒဏ်ရာရရှိ

နူးဒေလီ၊ဇွန် ၄ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂယ်လ်လူရူမြို့ရှိ ခရစ်ကက်အားကစားရုံအပြင်ဘက်၌ ဗုဒ္ဓဟူးနေ့က လူအုပ်ပြိုကျရာ လူ ၁၁ ဦးထက်မနည်း​ေ-သဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ Royal Challengers Bengaluru (RCB) ၏ ပထမဆုံး အိန္ဒိယပရီးမီးယားလိဂ် ချန်ပီယံဖလားအနိုင်ရ၍ အောင်ပွဲခံရန် ထောင်ပေါင်းများစွာသော ခရစ်ကတ်ပရိသတ်များစုဝေးရောက်ရှိလာချိန်တွင် လူအုပ်ပြိုခဲ့ခြင်း ဖြစ်သည်။ "ဒဏ်ရာရသူတွေကို Bowring ‌and Lady Curzon ဆေးရုံနဲ့ Vaidehi ဆေးရုံတွေမှာတင်ထားပါတယ်။ ခုနှစ်ဦးကတော့ Bowring ဆေးရုံမှာ​ေ-သဆုံးသွားခဲ့ပြီး ကျန်လေးဦးကတော့ Vaidehi ဆေးရုံအရောက်မှာအသ-က်ဆုံးရှုံးခဲ့တာပါ" ဟု နူးဒေလီအခြေစိုက်...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ် (၅,၀၀၀)နှုန်းဖြင့် လိုသ၍ ဝယ်ယူနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့ မေ (၁၁) ရက်မှ ဇွန် (၃) ရက်အထိ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဝယ်ယူနေရာမှ ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လားရှိုးမြို့တွင် စက်သုံးဆီရောင်းချပေးမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ 92 နှင့် ပရီမီယံဆီအပါအဝင် ဒီဇယ်ဆီတို့ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ " အသောက၊ ပတ္တမြား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071