(Unicode)
ကန့်ဘလူမြို့နယ်၌ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၄ ဦးကိုဖမ်းမိ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၏ စံပယ်နံ့သာကျေးရွာအဝင်၌ ဖေဖော်ဝါရီ ၂၃ ရက်(ယနေ့)နံနက်ပိုင်းတွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
နစက ၏လုံခြုံရေးအဖွဲ့ဝင်များက စံပယ်နံ့သာကျေးရွာအဝင်၌ ဖြတ်သန်းသွားလာနေသည့် ကားများအားတားဆီးစစ်ဆေးမှုများပြုလုပ်စဥ် အင်းတော်မြို့ဘက်မှရွှေဘိုမြို့ဘက်သို့ မောင်းနှင်လာသည့် ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။
ဝက်လက်မြို့နယ်၊ရွာသာရွာကျေးရွာနေ ကိုဖြိုး မောင်းနှင်လာသည့် ကားပေါ်မှအထောက်အထားမဲ့ တရုတ်နိုင်ငံသားများဖြစ်သည့် ဟူကျောင် (၃၀နှစ်)၊ ရမ်ခိုင်(၂၃ နှစ်)၊ လီဝမ်ဟိန်(၃၀နှစ်)နှင့် ကျောက်ချန်(၃၂နှစ်)တို့အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံသားလေးဦးအား လူဝင်မှု ကြီးကြပ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
(Zawgyi)
ကန္႔ဘလူၿမိဳ႕နယ္၌ အေထာက္အထားမဲ့ တ႐ုတ္ႏိုင္ငံသား ၄ ဦးကိုဖမ္းမိ
စစ္ကိုင္းတိုင္း၊ကန္႔ဘလူၿမိဳ႕နယ္၊ေ႐ႊဘို-ျမစ္ႀကီးနားသြားကားလမ္း၏ စံပယ္နံ႔သာေက်း႐ြာအဝင္၌ ေဖေဖာ္ဝါရီ ၂၃ ရက္(ယေန႔)နံနက္ပိုင္းတြင္ နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စံပယ္နံ႔သာေက်း႐ြာအဝင္၌ ျဖတ္သန္းသြားလာေနသည့္ ကားမ်ားအားတားဆီးစစ္ေဆးမႈမ်ားျပဳလုပ္စဥ္ အင္းေတာ္ၿမိဳ႕ဘက္မွေ႐ႊဘိုၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ကားအားတားဆီးစစ္ေဆးခဲ့ၾကသည္။
ဝက္လက္ၿမိဳ႕နယ္၊႐ြာသာ႐ြာေက်း႐ြာေန ကိုၿဖိဳး ေမာင္းႏွင္လာသည့္ ကားေပၚမွအေထာက္အထားမဲ့ တ႐ုတ္ႏိုင္ငံသားမ်ားျဖစ္သည့္ ဟူေက်ာင္ (၃၀ႏွစ္)၊ ရမ္ခိုင္(၂၃ ႏွစ္)၊ လီဝမ္ဟိန္(၃၀ႏွစ္)ႏွင့္ ေက်ာက္ခ်န္(၃၂ႏွစ္)တို႔အားဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံသားေလးဦးအား လူဝင္မႈ ႀကီးၾကပ္ေရးဥပေဒျဖင့္ အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။
