စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ (၂၃) ရက်၊ မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင် ခန်းမတွင် ကျင်းပသည်။
ထောက်ပံ့ငွေချီးမြှင့်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင် နှင့်ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်သည်။
ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့်ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူ (၃၉၁၂)ဦး အား တစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်း ဖြင့်တစ်လစာ ထောက်ပံ့ချီးမြှင့်ငွေ ကျပ် (၇၈၂၄ ၀၀၀၀) (သိန်းခုနှစ်ရာ ရှစ်ဆယ်နှစ်သိန်း လေးသောင်းကျပ်) အား ပေးအပ်သည်။
ချီးမြှင့်ငွေပေးအပ်အပြီးတွင် ကန်ဘလူခရိုင်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် စကားပြောကြားသည်။
