စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေ-း၊ အထွေထွေရောဂါများကုသပေးခြင်း ပထမရက်ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် မျက်စိဝေဒနာရှင် ၅၂၂ ဦးကို စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေ-း၊ အထွေထွေရောဂါများကုသပေးခြင်းအား စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှကြီးကြပ်၍ပြုလုပ်လျက်ရှိခြင်းဖြစ်ပြီး ပထမရက်ဖြစ်သည့် ယနေ့တွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်က ကြည့်ရှုအားပေးပြီး စားသောက်စရာများဝေငှပေးခဲ့သည်။
အဆိုပါ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေ-း၊ အထွေထွေရောဂါများကုသပေးခြင်းအား ကန့်ဘလူမြို့၌အခြေပြုပြီး ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ အထိ (၅)ရက်ကြာ အခမဲ့ကုသပေးသွားမည်ဖြစ်သည်။
ယနေ့ ပထမရက်၌ မျက်စိဝေဒနာရှင်(၅၂၂)ဦး၊ သားဖွားမီးယပ်လူနာ(၃၈)ဦး၊ က-လေးလူနာ(၅၀) ဦးနှင့် အထွေထွေရောဂါလူနာ(၁၀၀)ဦး (စုစုပေါင်းလူနာ ၇၁၀ ဦး)တို့ကို စစ်ဆေး၊ စမ်းသပ်၊ ကုသပေးခဲ့ကြသည်။
