နှစ်ဖက်သော မိဘများနဲ့ ကွယ်လွန်သူခင်ပွန်း ဦးသန်းထွဋ်အားရည်စူးပြီး အကယ်ဒမီများရှင် ဒေါ်ဝါဝါဝင်းရွှေ မှ ကထိန်အလှူအနေနဲ့ ပဲခူးမြို့ ကျွန်းသာယာရပ်မှရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓ စွယ်တော်မြတ်ရတနာကိန်းဝပ်ရာဌာန မင်္ဂဒီပ သာသနာထွန်း ခေါင်းဆေး ကျွန်းကျောင်းတိုက်မှသံဃာတော်များအတွက် သင်္ကန်းများအပြင် ရွှေကတ္တီပါကော်ဇော ၂ ချပ် Sansungအဝတ်လျှော်စက် ၁ လုံးရွှေပဒေသာပင်ငွေပဒေသာပင်များလှူဒါန်းခဲ့တာဖြစ်ပါတယ်
အခုလိုလှူဒါန်းခဲ့တာနဲ့ပတ်သက်ပြီး အကယ်ဒမီ များရှင်ဒေါ်ဝါဝါဝင်းရွှေက
” နှစ်ဖက်သောမိဘများနဲ့ ကွယ်လွန်သူ ဦးသန်းထွဋ်အားရည်စူးကာ ကထိန်အလှူ့ဒါယိကာမ အကယ်ဒမီ များရှင် ဒေါ်ဝါဝါဝင်းရွှေ သား/သမီးမြေး တစ်စုတို့က မွန်ဘုရင်မကြီးရှင်စောပုအားအမှူးထားကာ ပဲခူးမြို့ ကျွန်းသာယာရပ် ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓ စွယ်တော်မြတ်ရတနာကိန်းဝပ်ရာဌာန မင်္ဂဒီပ သာသနာထွန်း ခေါင်းဆေး ကျွန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘန္ဒန္တအရှင်ဣန္ဒာစာရဘိဝံသ ( ပဲခူးဉဿာ ဣန္ဒာနွယ်) ရွှေကျင်နိကာယရတ္တညုမဟာနယက ( နဝမမြောက်ဆရာတော် ၏) သက်တော် ၈၀ ပြည့် ပတ္တမြားရတု ဝိဇာတမွေးနေ့ မင်္ဂလာ သိက္ခာ ထပ်ခြင်းနှင့် ၉ ကြိမ်မြောက် ကထိန်ခင်းခြင်း အလှူမင်္ဂလာအခမ်းအနားတွင် ညှပ်သင်္ကန်းကြီး ပင့်သံဃာ ၃၆ ပါးအတွက် သင်္ကန်း ၃၆ စုံ လှူဒါန်း ၍လိုအပ်သောလှူဖွယ်များကိုလှူဒါန်းကာ ကြွရောက်လာသော
ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေး လှူဒါန်းကုသိုလ်ပြုခဲ့တာဖြစ်ကြောင်း ” ပြောပါတယ်။
အခုလိုလှူဒါန်းမှုအပြင် ပဲခူးမြို့မှာနေထိုင်ကြတဲ့ အိမ်ထောင်စုဝင်အယောက် ၁၀၀ စာ အတွက် ဆန်နဲ့ ဝါဝါမြေပဲဆီများ ငါးသေတ္တာ ဘူးများထပ်မံလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။





