ကဆုန်လပြည့်နေ့မှာ “ဆွေတော်မျိုးစုံနဂါးရုံ”ဘုရားအနေကဇာတင်နဲ့အလှူရေစက်ချပွဲ ကျင်းပပြုလုပ်သွားမယ်ဆိုတဲ့ အဆိုတော်ပိုးမီ

သန်လျင်မြို့ မြတ်စောညီနောင်ဘုရားဝန်းအတွင်း မှာတည်ထားကိုးကွယ်ထားတဲ့ “ဆွေတော်မျိုးစုံနဂါးရုံ” ဘုရားကြီးရဲ့ဘုရားအနေကဇာတင်နဲ့အလှူရေစက်ချပွဲ အခမ်းအနားကို လာမယ့် မေလ ၁၄ ရက်နေ့ ကဆုန်လပြည့်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း အဆိုတော်ပိုးမီက ပြောပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး အဆိုတော် ပိုးမီက” သန်လျင်မြို့ ၊မြတ်စောညီနောင် ဘုရားဝန်းအတွင်း ပိုးမီ တို့ တည်ထားကိုးကွယ်မယ့် “ဆွေတော်မျိုးစုံနဂါးရုံ” ဘုရားကြီး မှာ ….ကန်တော် သန့်ရှင်းရေး ကုသိုလ်လေး ပြုခဲ့ပါတယ် ” လို့ပြောပါတယ်။
