ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်မှုအား မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်လဝကမှူး ဒုညွှန်မှူး ဦးကျော်ကျော်သန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးကျော်ဇင်ဦးတို့မှ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Lindsay Kipt iness ထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၀) ရက်ကလည်း ရုရှားနိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသား (၃၁)ဦးအား ထိုင်းနိုင်ငံအခြေစိုက် သက်ဆိုင်ရာ သံရုံးများမှတဆင့် ပြန်လည်လွှဲပြောင်းခဲ့သေးသည်။