Wednesday, June 17, 2026

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့်...

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့...
HomeNewsLocal Newsကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ပြည်တွင်းခရီးသွားဝင်ရောက်မှု...

ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ပြည်တွင်းခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာ

တစ်ပတ်လျှင် ၃/၄ ရက်သာ ​လေယာဥ်ရှိသည့်အတွက် ခရီးသည်များ လေယာဉ်လက်မှတ်ခက်ခဲ

ခရီးသွားဧည့်သည်များ စိတ်ဝင်စား မှုများပြားရာ ဒေသတစ်ခုဖြစ်သည့် ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ပြည်တွင်း ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာနေသော်လည်း ရေခဲတောင်တက်ခရီးစဉ် လာရောက်မှုမှာမူ နည်းနေသေးကြောင်း ဒေသခံခရီးသွားအေဂျင်စီ၏ ပြောပြချက်အရ သိရသည်။

ကချင်ပြည်နယ်သို့ ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်၌ ပြည်တွင်း/ ပြည်ပဧည့်သည် ၇၁၇၇၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈၄၁၁၁ ဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီ လကုန်အထိ ၇၀၇၈၈ ဦး ဝင်ရောက်ခဲ့ပြီး ပြည်ပ ခရီးသည် သက်သက်အနေဖြင့် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ နိုင်ငံခြားသား ဧည့်သည် (၈၈၅) ဦး ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ်ကထက် များပြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

“ရေခဲတောင်တက် ခရီးစဉ်ကတော့ အဓိက လမ်းပန်း ဆက်သွယ်ရေးပေါ့။ စိတ်ဝင်စားလို့ တက်မယ်ဆိုရင်တောင်မှ လေယာဉ်လက်မှတ်မရတာ။ ပြီးရင် တောင်တက်ခရီးစဉ်က ကုန်ကျမှုများတယ်။ လူတစ်ယောက် သိန်းနှစ်ဆယ်လောက်ရှိမှ သွားလို့ရတာ။ ရက်ကလည်း အချိန်ပေးရတယ်။ အရင်ကတော့ ဆယ်ညအိပ် ဆယ့်တစ်ရက်ပေါ့။ အခုကတော့ ခုနှစ်ရက် ရှစ်ရက်နဲ့ သွားလို့ရပေမယ့် သာမန်ဝန်ထမ်းတွေက အဲဒီလောက်အချိန်မရဘူး” ဟု ဒေသခံ ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် လေကြောင်းလိုင်း နည်းနေသေးပြီး ရက်သတ္တပတ် တစ်ပတ်လျှင် သုံးလေးရက်သာ ခရီးစဉ် ပြေးဆွဲသည့်အတွက် ခရီးသည်များ လေယာဉ်လက်မှတ်မရခြင်းမျိုး ရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော် CRCC သို့ နိုင်ငံတော်သမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ CRCC သည် ၁၉၄၈ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ Railway Corps အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ထိပ်တန်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် CRCC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071