မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) မှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှဦးစီးကာ အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ (ပန်းရံ) သင်တန်းအား မန္တလေးမြို့နှင့် မန္တလေးမြို့ဝန်းကျင်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလတတိယပတ်မှစတင်၍ (၁) လ သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ (၁၀၀) ကို လက်ခံသင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသားများကို သင်တန်းနေရာ (၁) ခု တွင် သင်တန်းသား (၂၀) ဦးနှုန်းဖြင့် (၅) နေရာခွဲကာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ဆောက်လုပ်ရေးပညာရပ်ဆိုင်ရာ နည်းပညာပြန့်ပွားစေလိုခြင်းအတွက် အဓိကထား ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံပန်းရံလုပ်ငန်း လုပ်နိုင်သူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
တက်ရောက်လိုသူများအနေဖြင့် ၂၀၂၆ ဖေဖော်ဝါရီလ (၁၇) ရက်မှ ၂၀၂၆ မတ်လ (၁၃) ရက်နေ့ထိ 𝐌𝐂𝐄𝐀 (𝐌𝐃𝐘) ရုံး၊ 𝟑𝟒𝐁 × 𝟓𝟏လမ်းထောင့်တွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
Photo credit: MCEF
