Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeCelebrities' Newsရုပ်ရှင်ဇာတ်ကားကြီး ၈ ကား...

ရုပ်ရှင်ဇာတ်ကားကြီး ၈ ကား ရိုက်ကူးဦးမယ့် စိုင်းလွှမ်း

sai-hlwan

ဒါရိုက်တာ ဒိန်းဒေါင် ရိုက်ကူးပြီး စိုင်းလွှမ်းပါဝင်သရုပ်ဆောင်ထားတဲ့ “မယုံရင်တော့ပုံပြင်ပေါ့” ရုပ်ရှင်ဇာတ်ကားကြီး မကြာခင် ရုံတင် ပြသတော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ စိုင်းလွှမ်းက ဥာဏ်ရည်မမီတဲ့ ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီကာရိုက်တာက သူတစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ရုပ်ဖြစ် ကြောင်းနဲ့ ဒီဇာတ်ကားက သူ့ရဲ့ ပထမဦးဆုံး ရုံတင်ပြသရတဲ့ဇာတ် ကားဖြစ်ကြောင်း စိုင်းလွှမ်းက ပြောပြပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုကြမယ့် ပရိသတ်များအားလုံး သူ့ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုစေလိုကြောင်း စိုင်းလွှမ်းက..

” ဒီဇာတ်ကားက အားလုံးဝိုင်းဝန်းပြီး ကြိုးစားထားရတဲ့ ဇာတ်ကားတစ်ကားပါ။ တကယ်လည်း ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းကို လုပ်ထားရတဲ့ ဇာတ်ကား တစ်ကားပါ။ ကျွန်တော်ဆိုလည်း ဥာဏ်နည်းတဲ့ သားတစ်ယောက်၊ ပြီးတော့ အဖေကို တအားချစ်ပြီး အဖေကလွဲလို့ ဘာမှမသိတဲ့ သား တစ်ယောက်ရဲ့ ကာရိုက်တာကို အပီပြင်ဆုံး ခံစားပြီး ရိုက်ကူးထားပါတယ်။ ရိုက်ကူးတုန်း ကလည်း အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ မရိုက်ကူးခင်ကလည်း ငါလုပ်နိုင်ပါ့ မလားလို့ အကြိမ်ကြိမ်စဉ်းစားခဲ့ရတယ်။ အဲဒီအတွက် ကိုယ့်ကာရိုက်တာအတွက် အဝတ်အစားပြင်ဆင်မှု၊ အမူအရာကအစ အစွမ်းကုန်ကြိုးစားခဲ့တယ်။ အခု ကျွန်တော် ပြန်ကြည့်ရတဲ့အခါမှာတော့ ကိုယ့်အနေနဲ့ မမြင်တော့ဘဲ တခြားသူတစ်ယောက်အနေနဲ့ မြင်မိပါတယ်။ ဒီလိုပုံစံမျိုး နောက်တစ်ခါ ပြန်ရိုက် ကူးရင် ဒီလောက်အဆင်ပြေချင်မှ ပြေလိမ့်မယ် ထင်တယ်။ ပြီးတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဆင်ဆာလူကြီးတွေကတော့ ကျွန်တော့်ရဲ့ ကြိုး စားမှုလေးကို အသိအမှတ်ပြုပေးကြတယ်။ မထက်ဆိုလည်း ကားဆက်ခန်းကို လိုက်ကြည့် တုန်းက အဆင်ပြေတယ်လို့ ပြောတယ်ဗျ။ အခု ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားကို ပရိသတ်တွေ လာရောက် အားပေးကြည့်ရှုတဲ့အခါ မှာ ပရိသတ်တွေ အားလုံးက အသိအမှတ်ပြုစေချင်ပါတယ်” လို့ ပြောပါတယ်။ သရုပ်ဆောင်စိုင်းလွှမ်းက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၉ ကားလောက် ရိုက်ကူးပြီးစီးထား ပြီဖြစ်ပြီး နောက်ထပ်ရုပ်ရှင် ဇာတ်ကားကြီး ၈ ကားလောက် ထပ်မံ ရိုက်ကူးသွားဦးမှာဖြစ်ပါတယ်။ စိုင်းလွှမ်းက လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Cele Cele Small Page ရဲ့ Admin များကိုလည်း ဖော်ထုတ်လျက်ရှိပြီး အခုလိုဖော်ထုတ်စုံစမ်းခြင်းကလည်း အနုပညာရှင်အားလုံးအတွက်ပါလို့ ဆိုပါတယ်။

” ကျွန်တော်တို့ အနုပညာရှင်တွေ အားလုံးအတွက်ပါ။ ကျွန်တော့်တစ်ယောက်တည်းအတွက်ဆိုရင် သူတို့ကို ဝင်တိုက်ခိုက်နေစရာလည်း မလိုပါဘူး။ သူတို့နဲ့ယှဉ်ပြီးတော့ ပြောနေစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တင် မဟုတ်ဘူး။ မိုးယုစံတို့ဆိုလည်း ရစရာမရှိအောင် အပြောခံရတယ်။ အနုပညာ သမားတွေကိုပဲ လုပ်နေတာဆိုတော့ ဒီကိစ္စက ပေါ်မှကိုဖြစ်မယ်။ အခုကျွန်တော်နဲ့အတူ ကျွန်တော့်ညီတွေကပါ အဲဒီ Page ပိုင်ရှင်ကို ဝိုင်းစုံစမ်းပေးနေပါတယ်။ သူ့ကို ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကတော့ Cyber က အရာရှိတွေနဲ့ တိုင်ပင်ပြီးလုပ်နေပါတယ်။ သူ့ကိုတရားစွဲဖို့ကတော့ ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုရင်တော့ မလုပ်ဘဲ သူ့ကို မိအောင်ဖမ်းပြီး ပရိသတ်ကိုချပြချင်တာ။ ပရိသတ်ကလည်း ဒီလိုလူကို သိချင်မှာပဲလေ။ ကျွန်တော် အခုလိုလုပ်ခြင်းကလည်း အနုပညာရှင် အားလုံးအတွက်ပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071