Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...
HomeInterviewsရုပ်သံဇာတ်လမ်းတွဲခေတ်မှာ ပါဝင်သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်များရဲ့...

ရုပ်သံဇာတ်လမ်းတွဲခေတ်မှာ ပါဝင်သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်များရဲ့ ရင်ဖွင့်စကားသံများ


အခုလက်ရှိအနေအထားက လက်ချိုးရေလို့ရတဲ့ တီဗီရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသနေတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေဟာပရိသတ်အများစုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလို့ဆိုနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ပရိသတ်တွေ နှစ်နှစ်ခြိုက်ခြိုက်အားပေးကြတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေက သူတို့အတွေ့အကြုံတွေကို ဘယ်လိုပြောသလဲ။ တကယ်ကောရုပ်သံခေတ်ကို ရောက်ပြီလားဆိုတာ မေးမြန်းထားခြင်း ဖြစ်ပါတယ် . . .

ချိုပြုံး

 

ဇာတ်လမ်းတွဲတွေလည်း အမေချို ရိုက်ကူးဖြစ်ပါတယ်။အမေချိုက ခက်တာက နာမည်တွေ မှတ်မထားမိဘူး။ ရိုက်တုန်းက တော့ မှတ်လိုက်တာပဲ။ ပြီးတော့မေ့သွားတာ ပဲ။ ဇာတ်လမ်းတွဲတွေလည်း မထင်နဲ့နော်။ ပင်ပန်းတယ်။ နောက်ပိုင်း အမေချိုဆို ပင်ပန်း တာတွေ သိပ်မရိုက်ချင်တော့ဘူး။ သရုပ် ဆောင်ပြီးသွားလို့ရှိရင် တအားမောတာက မပြေဘူး။ အမေချိုတို့က သဏ္ဌာန်လုပ် သရုပ် တူဆိုတော့ တကယ်တူအောင် လုပ်ရတာဖြစ် တဲ့အတွက် ပြီးသွားရင် တကယ်ခံစားရတယ်။ အခုခေတ်ကတော့ ဇာတ်လမ်းတွဲခေတ်ဖြစ် သွားပြီဆိုတော့ အမေချိုတို့ကိုလည်း သူ့ကာ ရိုက်တာနဲ့သူ အံဝင်ခွင်ကျဖြစ်တဲ့အခါ သရုပ် ဆောင်ပေးဖို့လာပြောကြတာတွေရှိပါတယ်။

 

ခင်ဇာခြည်ကျော်

သူ့ခေတ်နဲ့ သူ့အခါပေါ့လေ။ ဇာတ်လမ်း တွဲတွေကို ပရိသတ်အားပေးလာကြတဲ့အခါ ကျတော့လည်း ဇာတ်လမ်းတွဲတွေ ရိုက် ကြရ တယ်။ အစ်မလည်း ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ဖြစ်ပါတယ်။ လတ်တလော ပြောရမယ်ဆိုရင် ‘နေရယ် လရယ် အမှန် တရားရယ်-၂’ ပေါ့။ အစ်မက လွှတ်တော် အမတ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရ တယ်။ ဒိုင်ယာလော့ခ်တွေ ပေးထားပေမယ့် တစ်လုံးမကျန်ကျက်ရတယ်။ အမှားခံလို့ မရ ဘူး။ ဥပဒေနဲ့ပတ်သက်နေတဲ့ စကားလုံးတွေ ဖြစ်နေလို့ လေ။ ဇာတ်လမ်းတွဲဆိုတာကလည်း ပရိသတ်စိတ်ဝင်စားတဲ့အခါကျတော့ တစ်ခုခု မှားသွားမှာ စိုးလို့သေသေ ချာချာပြင်ဆင်ရပါ တယ်။ အစ်မဆိုရင် ၁၉၉၁ ကတည်းက သရုပ်ဆောင်လုပ်လာတာ အခုဆို အနုပညာ သက်တမ်း ၂ဝ ကျော်ပြီ။ ဗီဒီယို၊ ရုပ်ရှင်က စလို့ အခုဇာတ်လမ်းတွဲတွေလည်း ရိုက်ဖူးပြီ။ ဘာပဲပြောပြော အားပေးတဲ့ ပရိသတ်တွေရှိလို့ အစ်မတို့သရုပ်ဆောင်ခွင့်ရတာဖြစ်တဲ့ အ တွက် ပရိသတ်ကို ကျေးဇူးတင်ရမှာပါ။

ဖူးစုံ

အစ်မတို့ကလေ အလုပ်လုပ်နေတော့ သိတယ်။ အစ်မတို့အရင်တုန်းကဆိုရင် ဗီဒီယို တွေရိုက်တယ်။ အခုဆိုလို့ရှိရင် ဗီဒီယိုရိုက် ကူးရတာတော်တော်ရှားသွားပြီ။ ရုပ်သံဇာတ် လမ်းတွဲကကျတော့ ရက်တွေအများကြီးလည်း ပေးရတယ်လေ။ အခုဆိုရင် အစ်မဇာတ်လမ်း တွဲတွေပဲတောက်လျှောက်ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲတွေတောက် လျှောက်ရိုက်ဖြစ် တယ်ဆိုတာက ဗီဒီယိုကနည်းနည်းလေးဒေါင်း သွားတဲ့ အနေအထားမှာရှိတယ်။ ဗီဒီယို သိပ်မရှိတော့ဘူး။ ပြီးတော့ ဇာတ်လမ်းတွဲကို လည်း လူကြည့်များလာတယ်။ Free to Air လည်းဖြစ်တာကိုး။ အဲဒီလိုဖြစ်တဲ့ အခါကျ တော့ တီဗီဇာတ်လမ်းတွဲတွေက တင်ပြမှု ကောင်းရင်ကောင်းသလို ထောင်တက်တဲ့ သဘောရှိတာပေါ့။

ခါရာ

တစ်နှစ်ပတ်လုံးမှာ မိုးတွင်းက ၄ လ လောက်အချိန်ရတယ်။ ဒီအချိန်မှာ ကျွန်တော် အရမ်းပြင်ဆင်တယ်။ တစ်နှစ်ပတ်လုံး ကျွန် တော်ဆိုဇာတ်လမ်းတွဲ ၂ ခုရိုက်ကူးလိုက်တယ်။ ‘ချစ်ခြင်းစတုဂံ’ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ ‘မနေ့က ဖြစ်သည်-၂’ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ တာဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲတစ်ခုရိုက်ပြီ ဆိုလို့ရှိရင် ၃ လကျော်လောက်ကြာတယ်။ ၂ ခုရိုက်တော့ ၆ လလောက်ကြာတယ်။ သေ သေချာချာပြင်ဆင်ရတယ်။ ဆိုတော့ တစ်နှစ် လုံးမှာနားရတာဆိုလို့ မိုးရာသီပဲရှိတယ်။ ဇာတ်လမ်းတွဲရိုက်ကူးပြီဆိုရင်လည်း ပြင် ဆင်ရသလို ရုပ်ရှင်ရိုက်ကူးပြီဆိုရင်လည်း ပြင်ဆင်ရတယ်။ Pre Production က အဓိကကျတာကိုး။ ဆိုတော့ မိုးကုန်ပြီး ရိုက်ပြီ ဆိုရင် Ready ဖြစ်ပြီ။ ဒါကတော့ ကျွန်တော် တို့ ပြင်ဆင်မှုအပိုင်းပါ။ ဇာတ်လမ်းတွဲကတော့ ပရိသတ်ကစိတ်ဝင်စားပြီဆိုရင် သူလာမယ့် အချိန်ကိုမျှော်လင့်တကြီးနဲ့ ကြည့်ကြရတဲ့ အပိုင်းတွေရှိတယ်။ ကိုယ်ပါဝင်ထားတဲ့ ဇာတ် လမ်းတွဲကို ပရိသတ်တွေကြားထဲမှာ ပြော နေကြပြီ။ တုံ့ပြန်မှုကလည်း ကောင်းတယ် ဆိုလို့ရှိရင် ကျွန်တော်တို့ပင်ပန်းထားတာ တွေအတွက် အမောပြေတာပေါ့။

 

တိုင်ရွန်

အခုနောက်ပိုင်းမှာက ဇာတ်လမ်းတွဲ တွေကို ပရိသတ်တွေအားပေးလာကြတာ တွေ့ရတယ်။ ဇာတ်လမ်းတွဲမှာက သရုပ် ဆောင်တွေကို အဲဒီဇာတ်လမ်းတွဲ မပြီးမချင်း အမြဲတမ်း မြင်တွေ့နေရတာဆိုတော့ အား ပေးဖြစ်ကြတာပေါ့။ ကျွန်တော်တို့လို အသစ် တွေအနေနဲ့လည်း ဇာတ်လမ်းတွဲရှေ့ကို ထွက် လာနိုင်တဲ့အတွက် ပိုပြီးတော့ အားရပါတယ်။ ကျွန်တော်ဇာတ်လမ်းတွဲတော်တော်များများ မှာ သရုပ်ဆောင်ဖူးပါတယ်။ အခုလွှင့်နေတဲ့ ‘မနေ့ကဖြစ်သည်-၂’မှာဆိုရင်လည်း သရုပ် ဆောင်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ နောက်ထပ်လည်း ဆက်လက်ရိုက်ကူးသွား ဦးမှာပါ။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071