Saturday, January 31, 2026

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...
HomeInterviewsရုပ်ရှင်လောကအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မယ့်...

ရုပ်ရှင်လောကအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မယ့် ပုဂ္ဂိုလ်မျိုးကို အရွေးချယ် ခံစေချင်ကြောင်း ဦးနှင်းမိုး ပြော

MgHninMoeမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ အမှုဆောင်သစ် ရွေးကောက် ပွဲက ရက်အတိအကျ မသိရသေးပေ မယ့် မကြာမီလပိုင်း အတွင်းမှာ ကျင်းပတော့မှာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစည်းအရုံး အနေနဲ့ ဘာတွေပြင်ဆင်နေသလဲ၊ ရွေး ကောက်ပွဲကို ဘယ်လိုမျိုး ကျင်းပမလဲ၊ အသစ် တက်လာမယ့် အမှုဆောင် သစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုလူ မျိုးကို မျှော်လင့်ထားသလဲ စတဲ့ မေးခွန်းတွေကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယကတစ်ဦး ဖြစ်တဲ့ ဦးနှင်းမိုးကို ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ်ရွေး ချယ်တော့မှာက စက်တင်ဘာလ ထဲမှာ ဖြစ်လောက်မယ်လို့ သိရတယ်။ အဲဒါ ကျင်းပဖြစ်၊ မဖြစ်နဲ့ ပတ်သက် ပြီး ဘကြီးမိုးပြော ပြပေးပါ။

ဖြေ။ ။ အခုကတော့ အစီ အစဉ်က တစ်ခုပြီးတစ်ခု လုပ်နေတာ ပေါ့။ ဒါပေမဲ့ တိတိကျကျ ပြောနိုင်တဲ့ အခြေအနေ မရောက်သေးဘူး။ သူက ရက်အတိအကျ မသိရသေးဘူး။ ဘာဖြစ်လို့လဲ ဆို တော့ အခုက မဲပေးပိုင်ခွင့် စာရင်းကို ကပ်ရုံပဲ ရှိသေးတယ်။ အဲဒါပြီးရင် နောက်ထပ် လုပ်ရ မှာတွေက အများကြီး ရှိသေး တယ်။ အောက်တိုဘာမှာက ရုပ်ရှင် သက်ကြီးပူဇော်ပွဲကလည်း ရှိနေတော့ စက်တင်ဘာလ ထဲမှာ အချိန်မီ လောက်မယ်ထင်ပါတယ်။

မေး။ ။အခုချိန်မှာက လုပ်ရဦး မယ့် အစီ အစဉ်တွေက ရှိသေးတော့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အတိ အကျ မပြောနိုင် သေးဘူး ဆိုပေမယ့် ဘကြီးမိုး အနေနဲ့ ပြောနိုင်သလောက် ပြောပြပေးပါ။

ဖြေ။ ။ပထမဦးဆုံး အနေနဲ့ စည်းကမ်းချက်တွေက ဘာတွေ လဲဆိုတာကို ရွေးကောက်ပွဲကော် မရှင်အနေနဲ့ ထုတ်ပြန်ကြေညာပြီး ပြီပေါ့။ နောက်ဒုတိယ ကတော့ သတင်းစာ ထဲမှာ တွေ့တဲ့ အတိုင်း ပဲလေ။ မဲပေးပိုင်ခွင့်ရှိ တဲ့သူစာရင်းထဲ ကိုယ့်နာမည်မပါဘူး ဆိုလို့ရှိ ရင်လာ ပြီးတော့ ကြည့်နိုင် တယ်။ ကန့်ကွက် လိုတဲ့သူတွေ ရှိရင် လည်း ကန့်ကွက် နိုင်တယ် ဆိုပြီးတော့ ကြေညာထား တယ်။ ဒါပေမဲ့ ဒီနေ့ အချိန်ထိတော့ မရောက်လာဘူး။ မရောက်လာရင် တော့ ကန့်ကွက်ရန် မရှိဆိုတဲ့ သဘော ဖြစ်သွားပြီပေါ့။ အဲဒီတော့ နောက်ထပ် လုပ်ရမှာက ရွေးချယ်ပိုင် ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး တော့ ဖောင်လာယူပြီး ဖြည့်ပြီးရင် တော့ တင်ဖို့တွေ ရှိတယ်။ အဲဒါကို တို့တွေ ကနေပြီး ကြော်ငြာဘုတ်မှာ ကြော်ငြာရဦးမယ်။ ကန့်ကွက်မယ့် သူမရှိဘူး ဆိုတော့မှ အစည်းအဝေး ထိုင်ပြီး ကန့်ကွက် သူမရှိဘူး ဆိုတာကို ထပ်ကြေညာရ မယ်။ ထပ်ကြေညာပြီး တော့မှ ဘယ် နေ့ရွေးကောက်ပွဲလုပ် မလဲဆိုတာကို ရက်အတိအကျ ထုတ် ပြန်လို့ရမှာ။

မေး။ ။ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်း ထားတာနဲ့ ပတ်သက်ပြီးလည်း ဘယ်လိုပုံစံမျိုး နဲ့ ဖွဲ့စည်းထား လဲဆိုတာ သိချင်ပါ တယ်။

ဖြေ။ ။ ရွေးကောက်ပွဲကော်မ ရှင်ကို တို့က နာယကတွေနဲ့ ရွေးချယ် ခံတဲ့ အထဲမှာမပါတဲ့ ပုဂ္ဂိုလ်တွေကို ကော်မရှင် အနေနဲ့ ဖွဲ့ထားတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲမှာ ဝင်ပြီးမပြိုင်တဲ့ ပုဂ္ဂိုလ်တွေကို အလွှာ အလိုက် ရွေးကောက်ပွဲ ကော်မရှင်မှာ ထည့်ထားတယ်။ ကော်မရှင် အဖွဲ့ ဝင်တွေ အားလုံး ကတော့ ၃ဝလောက် ရှိမယ်ထင်တယ်။

မေး။ ။ မကြာမီ ကျင်းပတော့မယ့် အမှုဆောင်သစ် ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယက တစ်ဦးအနေ နဲ့ ဘကြီးမိုး ပြောချင်တဲ့ စကားလေး တွေရှိရင် ပြောပြပေးခဲ့ပါဦး။

ဖြေ။ ။ ပြောရမယ်ဆိုတော့ တကယ် လုပ်နိုင်မယ့်သူ၊ တကယ် အချိန်ပေးနိုင်မယ့် သူကို တို့က လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆို တော့ တကယ် အချိန်မပေးနိုင်ဘဲ နဲ့ ပါလာပြီးတော့ ဟိုတန်းလန်း၊ ဒီတန်း လန်းနဲ့ ဒီမှာလည်း တကယ်ထဲထဲ ဝင်ဝင် မလုပ်နိုင်၊ ကိုယ့်အလုပ်နဲ့ ကိုယ်က လုံး ပန်းနေရတာမျိုး ဆို လို့ရှိရင်တော့ အဲဒီလိုမျိုးအချိန် မပေးနိုင်တဲ့သူကို အမှန် အတိုင်း ပြောရရင် မလုပ်စေချင်ဘူး။ ကိုယ် ကျိုးတော့ စွန့်ရမှာပေါ့လေ။ ဘာပဲ ဖြစ်ဖြစ် ဒီအထဲမှာ ဝင်လုပ်လိုက် ပြီ ဆိုကတည်းက အလုပ်အကိုင် ကိုတော့  ထိခိုက်မယ်။ ထဲထဲ ဝင်ဝင် စေတနာနဲ့လုပ် မယ်ဆို လို့ရှိရင် တကယ်ထိခိုက်နစ်နာမှာ။ အဲဒီလို အထိ အခိုက် အနစ်နာခံနိုင်မယ့် ပုဂ္ဂိုလ်၊ အနစ်နာခံနိုင်မယ့် ပုဂ္ဂိုလ်မျိုး ကို ပါ စေချင်တာပေါ့နော်။ အဲဒါ မျိုး တွေရှိတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ဆန့်ကျင် ထားတဲ့သူ၊ အပြစ်နဲ့ ထုတ် ပယ်ထားတဲ့သူတွေကို တော့တို့တွေက ပါခွင့်မပေးဘူး။ အဲဒီတော့ ဒါတွေ ကလည်း လုပ်ရမှာလေးတွေ တော့ ရှိတာပေါ့။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071