အကယ်ဒမီ နေတိုးကတော့ သူပါဝင် ရိုက်ကူးထားတဲ့ “ထာဝရ အမေ” ရုပ်ရှင်ဇာတ်ကား အတွက် အသံပိုင်းဆိုင်ရာ ကောင်းမွန်ဖို့ကို ဇန်နဝါရီလ ထဲမှာ Post Recording တွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အဲဒါ ကြောင့်လည်း အခုလို Post Recording တွေကို သေသေ သပ်သပ် သွင်းယူနေတာ နဲ့ပတ်သက် ပြီး အကယ်ဒမီ နေတိုးကို Post Recording က ရုပ်ရှင်ဇာတ်ကား တစ်ကား ကောင်းမွန်ဖို့ အတွက် ဘယ်လောက် အထိ အရေးပါနေလဲ လို့ မေးကြည့်တော့..
“အဓိက ကတော့ ရုပ်ရှင် ဆိုတာ အရုပ်ရယ်၊ အသံရယ် နှစ်ခုလုံး ကောင်းဖို့လိုပါတယ်။ ကောင်းဖို့ လိုတယ် ဆိုတာက အခုခေတ်နည်း ပညာ အရ ကျွန်တော်တို့ ရုပ်ရှင်မှာ 5.1, 7.1 ၊ မြန်မာ့ရုပ်ရှင် မှာလည်း 7.1, 5.1 တွေနဲ့ ကျွန်တော်တို့ လုပ် လာကြတဲ့ အတွက် ရုပ်ရှင် ဇာတ်ကား တစ်ကားရဲ့ အရသာ အပြင်မှာဖြစ် နေတဲ့အတိုင်း ကို ခံစားစေမယ့် ရုပ် ရှင်ခံစားမှု အပိုင်းပါ။ Post Product ဆိုတာ က နောက်ဆုံးမှာ ပရိသတ်ဆီ ကို ရောက်ဖို့ အတွက် အဆင့်လို့ ပြောလို့ ရပါတယ်။ ဒီအဆင့်ကို ကျွန် တော်တို့ ကျော်ဖြတ်လိုက်တဲ့ အခါ မှာ ဒီအဆင့်မှာ မကောင်းဘူး ဆိုရင် ပရိ သတ်ဆီကို ရောက်သွားတဲ့ Quality Result ကလည်း ကောင်းမှာ မဟုတ် ပါဘူး။ဇာတ်ကား တစ်ကား ရဲ့ အောင် မြင်ခြင်း၊ ဆိုးခြင်း ဆိုတာက ကျွန်တော် တို့ ကောင်းအောင် တည်ဆောက် ထားဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး အကယ်ဒမီ နေတိုး က “ထာဝရအမေ” ရုပ်ရှင် ဇာတ်ကားကို အားရ ကျေနပ်မှုနဲ့ ပတ်သက်ပြီးလည်း..
“ဒီဇာတ်ကားထဲ မှာ အင်္ဂလိပ်လို ပြောတဲ့ ဇာတ်ဝင်ခန်းတွေ လည်း ပါ တယ်။ ဒီဟာကို ပိုပြီးပီသအောင် လေ့ကျင့်ရတယ်။ တချို့ စကားလုံး တွေ ပြန်ပြီး Post လုပ်ရတယ်။ နိုင်ငံ တကာကိုသွားရောက်ပြသမယ့် ဇာတ် ကားတစ်ကားရဲ့Quality လည်း ဖြစ် တယ်။ အကုန်အကျလည်းများ ထားတဲ့ ဇာတ်ကားတစ်ကားဖြစ် တယ်။ ကျွန်တော်တို့ အနေနဲ့ ကြိုးစား ရကျိုးနပ်မယ့် ဇာတ်ကား၊ ပရိ သတ်စောင့်မျှော် ရကျိုးနပ်မယ့် ဇာတ် ကားတစ်ကားဖြစ်မယ်လို့ ပြော ချင်ပါတယ်” လို့ ပြောပါတယ်။
တွယ်တာ၊
ဓာတ်ပုံ- မင်းမင်းထွန်း