Wednesday, March 19, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeArticlesရုပ်ဆိုးသူ နဲ့ သံယောဇဉ်...

ရုပ်ဆိုးသူ နဲ့ သံယောဇဉ် beauty and the beast

emma-watson-beauty-and-the-beast-movie-hd-wallpaper

ဇာတ်ကားက ၂ဝ၁၇ခုနှစ်၊ မတ်လ၁၇ရက်နေ့မှာ ထွက် ရှိလာပြီး အမေရိကန်နဲ့ နိုင်ငံတကာရုပ်ရှင်ရုံတွေမှာ စတင်ပြသလိုက်တဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ၁၂၉မိနစ်ကြာမြင့်ပြီး အမေရိကန် ဒေါ်လာသန်း၁၆ဝကုန်ကျတဲ့ ဒီရုပ် ရှင်ဇာတ်ကားဟာ ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ အံ့သြထိတ်လန့်စရာ ကောင်းလောက်အောင် အမေရိန်ကန် ဒေါ်လာ သန်းပေါင်း ၄၂၈သန်းကျော် ပြန်ဝင်လာပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဝေါ့ဒစ္စနေက ရိုက်ကူးပြသပြီးခဲ့တဲ့ ကာတွန်းရုပ်ရှင်ဇာတ်ကားကို လူ အစစ်တွေနဲ့ လည်ပြန်ရိုက်ကူးထား တဲ့ ရုပ်ရှင်ပါ။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲထဲမှာ မြင်သူတိုင်းချစ်တဲ့ ဆံပင်ရွှေရောင်လေးနဲ့ သရုပ်ဆောင်ခဲ့သူ “အမ်မာဝပ်ဆန်” က အခုဇာတ်ကားမှာ Belle အဖြစ်နဲ့ သရုပ်ဆောင်သလို၊ Downton Abbey မှာ သရုပ်ဆောင်ခဲ့တဲ့ “ဒန်းစတီဗင်” က အခု ဒီဇာတ်ကားမှာ ကြောက်မက်ဖွယ်ရာသတ္တဝါကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ Bill Condon က စာရေးဆရာ Jeanne – Marie Leprince De Bedumont ရေးတဲ့ စာအုပ်ကိုအခြေခံကျောရိုးယူပြီး ပြန်လည် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ခုနေအခါမှာ အမေရိန်ကန်ပြည်ထောင်စုနဲ့ ကနေဒါက ပွဲဦးထွက်အအောင်မြင်ဆုံး၊ စံချိန်ဝင်ငွေအချိုးဆုံး ဇာတ်ကားအဖြစ် မှတ်တမ်းတင်လိုက်ကြပါတယ်။ ဒီလိုအဖြစ်မျိုးဟာ ဟိုတုန်းက ဒီလိုဇာတ်ကားမျိုးတွေ မဟုတ်ဘဲ စူပါဟီးရိုးဇာတ်ကားတွေသာ ဒါမျိုးရလေ့ ရှိတဲ့အခွင့်အရေးလို့ ဆိုနေကြပါတယ်။ အခုဒီလိုအခြေအနေကြောင့် ဒစ္စနေဟာ အင်မတန်ကြီးကျယ်တဲ့ အင်ပါယာကြီးဖြစ်သွားပါပြီ။ တကယ်ကိုအားကျစရာပါပဲ။ အခုပြသနေချိန် ရက်သတ္တသီတင်းသုံးပတ်ကျော်လာခဲ့ပါပြီ။ နောက်ဝင်ရောက်လာမယ့် ဝင်ငွေဟာ ဘယ်လောက်ဖြစ်လာဦးမလဲဆိုပြီး မှန်းဆနေကြပြန်ပါတယ်။

ဒီဇာတ်လမ်းလေးက ကာတွန်းရုပ်ရှင်ကလာတာဆိုတော့ လူတော် တော်များများကြည့်ဖူးနေခဲ့ပြီး လောက်ပါပြီ။ ပြင်သစ်နိုင်ငံရဲ့အရပ် ဒေသတစ်ခုမှာရှိတဲ့ မြို့ ဟောင်းကြီးတစ်မြို့လို့ပဲ ထင်ရပါတယ်။ အဲဒီမှာ လူအများပျော်ရွှင်မြူးတဲ့ ကပွဲကြီးတစ်ခု ကျင်းပနေတယ်။ အဲဒီနေရာကို အိမ်ခြေယာခြေ အတည်တကျ မရှိတဲ့အမျိုးသမီးတစ်ဦးရောက်လာခဲ့တယ်။ သူ့မှာ နေစရာမရှိတဲ့အတွက် သူ့ကိုနေစရာပေးဖို့ အလဲအလှယ်အနေနဲ့ အိမ်ရှင် “ဗိန်းမိုနာ့ခ်ျ” ကို နှင်းဆီပန်းတစ်ပွင့် ပေးခဲ့တယ်။

ဒီဇာတ်ကားဟာ ၁၉၉၁ခုနှစ် က အမေရိကန်အန်နီမေးရှင်း ရုပ်ရှင်ပါ။ အင်္ဂလိပ်ဘားရှင်းကော၊ ပြင်သစ် ဘားရှင်းပါရှိတဲ့ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မာနကြီးပြီး စိတ်ကြီးဝင်မှုကြောင့် မှော်စွမ်းအားနဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဘီလူးကြီးအသွင် ဖန်တီး ပြောင်းလဲခြင်းခံလိုက်ရတဲ့ မင်းသားလေးနဲ့ သူ့ရဲ့ရဲတိုက်ထဲမှာ ပိတ်လှောင်ထားတဲ့ မိန်းမချော၊ မိန်းမလှလေးတို့ရဲ့ အချစ်ဇာတ်လမ်းပါ။ မာနကြီး၊ စိတ်ကြီးဝင်သူက သူမင်းသားပြန်ဖြစ်ဖို့အတွက် ဘဲလာရဲ့အချစ်ကို ပြန်ရမှ ဖြစ်မယ်။ အဲသလိုမှမဟုတ် ရင်သူဟာရာသက်ပန် အရုပ်ဆိုးဆိုးဘီလူး ကြီးအဖြစ်နဲ့ပဲ နေသွားရတော့မှာ။ အဖြစ်ကအဲသလို …

ဝင်းကိုမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071