Monday, January 20, 2025

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah...
HomeCelebrities' Newsရိုက်ကူးပြီးသား ဒရာမာကားတွေ ရုံတင်ချင်တယ်...

ရိုက်ကူးပြီးသား ဒရာမာကားတွေ ရုံတင်ချင်တယ် မြင့်မြတ်

အကယ်ဒမီ သရုပ်ဆောင် မြင့်မြတ်ကတော့ လတ်တလောမှာ ရုပ်ရှင် ဇာတ်ကားတွေပဲ ဆက်တိုက်ရိုက်ကူးနေရပြီး ဟာသဇာတ်ကားတွေ၊ ဒရာမာ ဇာတ်ကားတွေ အညီအမျှ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မယ် ‘ဟောက်စား’ ရုပ်ရှင် ဇာတ်ကား ကြီးမှာ လည်း ပါဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့ ‘ဟောက်စား’ ဆိုတဲ့အတိုင်း ဇာတ်ကားထဲမှာ အကုန်လုံးကို ဟောက်စား လုပ်ထားတယ်လို့ မြင့်မြတ်က . . .

”ဒီဇာတ်ကားကတော့ ဟာသသီးသန့်ပါပဲ။ တစ်ကားလုံးမှာပါတဲ့ သူ အကုန်လုံးက ဟောက်စားတွေချည်းပဲပေါ့။ ကျွန်တော်က အဲဒီဇာတ်ကား ထဲမှာ ရွာမှာတကယ့် လူမိုက် အစစ်ရှိတယ်။ အဲဒီလူကြီးကိုနိုင်မှ မင်းဆရာကြီးဖြစ်ပြီပေါ့။ အဲဒီကောင်ကို သွားရိုက်ဆိုတော့ ဘယ်လိုလုပ် ရိုက်ရမှာလဲပေါ့။ နဂို ကတည်းက ကြောက်တတ်ပါတယ် ဆိုမှ အဲဒီမှာ ဇွတ်အတင်းသွားရိုက်တာပေါ့။ မသိမသာနဲ့အကုန်လုံးကို ဟောက်စား လုပ်တာပေါ့။ အဲဒီသဘောပါ။ ဘာပဲ ပြောပြော ဟောက်စားဇာတ်ကားလေး ရုံတင်ရင် လာကြည့်ကြပါ”လို့ မြင့်မြတ်က ပြောပါတယ်။

ဟာသရော၊ ဒရာမာရော အချိုးညီညီ ရိုက်ကူးနေတဲ့ မြင့်မြတ်ဟာ ဟာသ ဇာတ်ကားတွေပဲ ရုံပေါ်ကို ရောက်ရှိနေတဲ့အပေါ် မြင့်မြတ်က . . .

”အဓိကကတော့ ကျွန်တော် ဟာသရော၊ ဒရာမာရော ရိုက်ကူးထားတဲ့ ဇာတ် ကားတွေရှိတယ်။ ထပ်ပြီးရိုက်ကူးမယ့် ဇာတ်ကားတွေလည်း ရှိတယ်။ ဒါပေမဲ့ ရိုက်ပြီးတဲ့ဇာတ်ကား ဒရာမာကားတွေကျတော့ ရုံပေါ်ကို တက်မလာ ဘူး။ ဘာဖြစ်လို့လဲဆိုတာတော့ ကျွန်တော်လည်း နားမလည်ဘူး။ ကျွန်တော် တကယ်ကြိုက်တဲ့ ရိုက်ကူးပြီးသား ဒရာမာတွေဇာတ်ကားတွေရှိတယ်။ ရိုမန့်စ် ဒရာမာတွေ ရှိတယ်။ ဒါပေမဲ့ ရုံပေါ် ကို ရောက်မလာဘူး။ ဟာသဇာတ်ကားတွေ ရောက်လာတယ်။ ကိုယ်ရိုက်ကူးထား တဲ့ ဒရာမာ ဇာတ်ကားတွေကို ရုံပေါ် တော့ တင်စေချင်တယ်။ မတင်တော့ ကျွန်တော် လည်း မတတ်နိုင်ဘူးလေ။ နောက်တစ်ခုက အမြဲတမ်း ဟာသဇာတ်ကား တွေချည်းပဲဆိုတော့ တစ်ခါ တစ်ခါပရိသတ် အီလာနိုင်တာပေါ့လေ။ အဲဒီတော့ အပြောင်းအလဲ လေးဖြစ် အောင်ရုံတင်ပေးကြပါ”လို့ ပြောပါတယ်။ သားလေးတစ်ယောက်နဲ့ ပျော်ရွှင် တဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်အနေနဲ့ သားလေးရော ဘာတွေ ပြောင်းလဲနေပြီလဲလို့ မေးကြည့်တဲ့အခါမှာတော့ မြင့်မြတ်က . . .

”သားလေးက တော်တော်တတ်နေပြီ။ ဟုတ်လား၊ မဟုတ်လားတော့ မသိဘူး။ စကားတွေတော့ ပြောနေတာပဲ။ ကျွန်တော်လည်း နားမလည်ဘူး။ သူ့အမူအယာ လေးတွေက ကျွန်တော့်ကို ရီပြတယ်။ အထူးသဖြင့် ကျွန်တော်နားမလည်တဲ့ စကားတွေပြောတယ်။ သူ့အမေ လည်း နားမလည်ဘူး။ ပြောတော့ပြောတယ်။ ဘာပြောမှန်းတော့ နားမလည်ဘူး (ရယ်လျက်)။ ကျွန်တော်လည်း နယ်တွေဘာတွေ သွားရိုက်တာကြာမယ်ဆိုရင် သူ့ကိုခေါ်သွားတယ်။ အဲဒီအခါမျိုးကျရင် ထမင်းရပ်စားတဲ့ အချိန်ကျရင် ဒီကောင့်ကို တော်တော် ချစ်ကြတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071