Tuesday, March 18, 2025

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ...

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ...

“သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိသည့် အိန္ဒိယနိုင်ငံရောက် ဆရာတော်...

အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ...

ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးမှသာ ပူတင်၏ အမေရိကန်ခရီးစဉ်ကိစ္စကို ဆွေးနွေးသင့်ဟု...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အမေရိကန်သို့ ခရီးစဉ်ဖြစ်နိုင်ခြေအကြောင်း ဆွေးနွေးခြင်းမပြုမီ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သတင်းထောက်များက ငြိမ်းချမ်းရေးသဘောတူညီချက်...
HomeArticlesနှစ် (၂ဝ) ပြည့်...

နှစ် (၂ဝ) ပြည့် ခွန်အားသစ်

PZ-Flat

စာပေချစ်သူများ စတင်ဦးဆောင်ခဲ့သော ပေါ်ပြူလာစာပေ အနုပညာဂျာနယ်သည် ယခုနှစ် ၂ဝ၁၇၊ ဇွန်လတွင် သက်တမ်းအနှစ် (၂ဝ) ပြည့်မြောက်ခဲ့လေပြီ။ ထုတ် ဝေသူကိုယ်တိုင်ကပင် အမြတ်အစွန်းကို အဓိကမထား စေဘဲပြည်သူ့အကျိုးကို ရှေးရှု၍ စာပေလောကအတွင်း ရှင်သန် နေရေး၊ ပညာပေးရေး၊ ပြန်ကြားပေးရေး၊ ဖျော်ဖြေပေး နိုင်ရေးတို့ အတွက် စေတနာကို အဓိကထားခဲ့သည်။

၁၉၉၇ ခုနှစ်၊ ဇွန်လမှစတင်ခဲ့ သည့် ခရီးတာတစ်လျှောက် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ဥပဒေများစွာနှင့် ပတ်ဝန်း ကျင်အမျိုးမျိုးတို့၏ အပြောင်းအလဲများနှင့် လိုက်လျောညီထွေ လိုက်ပါ ပြောင်းလဲခဲ့ရသည်။ တင်ဆက်မှုကဏ္ဍများတွင်လည်း အမြင်မှတစ်ဆင့် ရသပေး စွမ်းနိုင်သော ဒီဇိုင်း၊ ပုံပန်းသဏ္ဌာန်၊ အရောင်အသွေး၊ အရွယ်အစား အပြောင်းအလဲများ ကျော်ဖြတ်ခဲ့ရ သည်။ တင်ပြပုံသတင်း၊ စာအရည် အသွေး၊ အဖွဲ့အနွဲ့၊ ခံစားမှုရသများ ဆင့်ကဲတိုးတက်နေမှု အပေါ် မိမိတို့အကြိုက်၊ စာဖတ်ပရိသတ်အကြိုက်၊ လိုအပ်မှုများနှင့် ကိုက်ညီ အောင်အဆင့်ဆင့် ပြင်ဆင်ပြောင်းလဲခဲ့ရသည်။

စတင်ကတည်းကပင် စနစ်တကျ ဖွဲ့စည်းဖြစ်တည်ခဲ့ပြီး ပညာရှင် များ၊ ဝါသနာရှင်များ၊ စာပေချစ်သူများ ဦးဆောင်ပါဝင် ဆောင်ရွက် ခဲ့ကြသည့်အတွက် စာပေနယ်အတွင်း အရည်အသွေး စံချိန်တင်ခဲ့ပြီး ဖြစ်သည်။ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ အချက်အလက် တိကျ မှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်တင်ပြခဲ့ကြသည်။ သတင်းရင်းမြစ်များ အားလုံး၏ သတင်းမှန်ကန်မှု၊ တိကျမှုကို စစ်ဆေး အတည်ပြုပြီးမှသာ တင်ဆက်ခဲ့ကြမြဲဖြစ်သည်။အတွေ့အကြုံရင့်ကျက်ပြီး ပရိသတ်အခိုင်အမာ ရှိနေသည့် စာပေ အနုပညာဂျာနယ် တစ်စောင်အဖြစ် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် လောကအတွင်း သမိုင်းရေးထိုးပေးခဲ့သော ဆရာသမားများ၊ လုပ်ဖော် ကိုင်ဖက်၊ မိတ်ဆွေရောင်းရင်းများ အားလုံးအတွက်လည်း အမှတ်ရ လေးစား ဂုဏ်ယူမိပါသည်။

အကျိုးတရားတို့ မည်သည် အကြောင်းတရား တစ်ခုခုအပေါ် အခြေခံသည် ဖြစ်သောကြောင့်အပြန်အလှန်ထားရှိကြသည့် ကျေးဇူး တရားများ၊ မေတ္တာရောင်ပြန်မှုများ၊ လေးစားနာယူ သင်ယူ သင်ကြား ခဲ့ရမှုများ၊ ပျော်ရွှင်အား တက်ဖွယ်ရာ အဖွဲ့အစည်းစိတ်ဓာတ် အမှတ် တရများစွာတို့ကို အစဉ်သတိ ရနေကြမည်ဟု ယုံကြည်ပါသည်။ထုတ်ဝေမှုဖြစ်စဉ်အတွင်းအတူ ပူးပေါင်းပါဝင်ခဲ့ကြသော စာပေ ပညာရှင်များ၊ အနုပညာရှင်များ၊ ပန်းချီကာတွန်းပညာရှင်များ နှင့်အတူ အနှစ် ၂ဝ ပတ်လုံး၊ တစိုက်မတ်မတ် ဖြန့်ချိပေးနေကြသော ဖြန့်ချိရေး ကိုယ်စားလှယ်တော်ကြီးများ၊ လက်လီလက်ကားအိမ်တိုင်ရာရောက် လက်ပွေ့ဖြန့်ချိပေးသူများ၊ အပတ်စဉ် မပျက်မကွက် အားပေးခဲ့ကြသော ကျေးဇူးရှင် စာဖတ်ပရိသတ်ကြီးနှင့်တကွ ကြော်ငြာအေဂျင်စီ ကြော်ငြာရှင်များ အားလုံးကို အမှတ်တရ ဂုဏ်ပြုမော်ကွန်းတင်လျက် အနှစ် (၂ဝ) ပြည့် ခွန်အားသစ်များဖြင့် ဆက်လက်ချီတက်နေမည်ဖြစ် ၍……..။

နှစ် (၂ဝ) ပြည့် ဝန်ထမ်းတစ်ဦး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071