Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeMyanmar Theatrical Traditionကြုံတောင့်ကြုံခဲကြည့်ရှုရမည့်နိုင်ငံတကာရုပ်သေးပွဲတော်တွင်နိုင်ငံပေါင်း ၉...

ကြုံတောင့်ကြုံခဲကြည့်ရှုရမည့်နိုင်ငံတကာရုပ်သေးပွဲတော်တွင်နိုင်ငံပေါင်း ၉ နိုင်ငံ၏ရုပ်သေးအကများအား မြင်တွေ့ရမည်

 

နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို မတ်လ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အဆိုပါနေ့ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဇာတ်ရုံအပြင်မှာ ကပြတင်ဆက်မှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဇာတ်ရုံအတွင်းမှာလည်း ကပွဲအနေနဲ့ ကပြတင်ဆက်သွား မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးအနေနဲ့က ဗြိတိသျှကိုလိုနီခေတ်အစောပိုင်းကာလတွေ မှာတော့ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကာလတုန်းကလို အရှိန် အဟုန်ကောင်းဖို့အတွက် ရုပ်သေးပညာရှင်များက ကြိုးစားလျက်ရှိနေကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ခုလို နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ပြုလုပ်ခြင်းဖြစ် တယ်လို့သိရပါတယ်။ နိုင်ငံတကာရုပ်သေးပညာရှင်တွေ ပါဝင်ကပြတင်ဆက်ကြမယ့် ဒီလို ရုပ်သေးပွဲတော်မျိုးကိုတော့ မြန်မာနိုင်ငံမှာ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ ပြသ ခဲ့ခြင်းမရှိခဲ့ဘဲ အခုပြုလုပ်မယ့် ရုပ်သေးပွဲတော်ကြီးက ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို မတ်လ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အဆိုပါနေ့ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဇာတ်ရုံအပြင်မှာ ကပြတင်ဆက်မှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဇာတ်ရုံအတွင်းမှာလည်း ကပွဲအနေနဲ့ ကပြတင်ဆက်သွား မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးအနေနဲ့က ဗြိတိသျှကိုလိုနီခေတ်အစောပိုင်းကာလတွေ မှာတော့ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကာလတုန်းကလို အရှိန် အဟုန်ကောင်းဖို့အတွက် ရုပ်သေးပညာရှင်များက ကြိုးစားလျက်ရှိနေကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ခုလို နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ပြုလုပ်ခြင်းဖြစ် တယ်လို့သိရပါတယ်။ နိုင်ငံတကာရုပ်သေးပညာရှင်တွေ ပါဝင်ကပြတင်ဆက်ကြမယ့် ဒီလို ရုပ်သေးပွဲတော်မျိုးကိုတော့ မြန်မာနိုင်ငံမှာ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ ပြသ ခဲ့ခြင်းမရှိခဲ့ဘဲ အခုပြုလုပ်မယ့် ရုပ်သေးပွဲတော်ကြီးက ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာကရုပ်သေးပညာရှင်တွေကို ဖိတ်ကြားလိုက်ပြီ။ သူတို့ ရုပ်သေးတွေနဲ့ သူတို့အမြတ်တနိုး လာကကြမယ်။  အဲဒီအချိန်မှာ ဦးထွေး စိုးရိမ်တာက ဒါကဦးထွေး တစ်ယောက်တည်းရဲ့ ခံစားချက်ပါ။ တို့မြန်မာ လူမျိုးတွေက လေးလေးစားစားနဲ့ တစ်မြတ်တနိုးနဲ့ ကြည့်ကြပါ့မလားပေါ့။ အားပေးကြပါ့မလားလို့ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးထွေးတို့ဆိုရင် ခံစားရတယ်။ ဦးထွေးတို့ နိုင်ငံခြားသား ကိုပြတယ်။ နိုင်ငံခြားသားတွေက ပိုက်ဆံလည်းပေးတယ်။ လေးလေးစားစားလည်း လာကြည့်ကြတယ်။ ဦးထွေးတို့မြန်မာလူမျိုးကို ရုပ်သေးပွဲလာကြည့်ဖို့ဆိုရင် ဘယ် လောက်ပေးရမှာလဲလို့မေးတယ်။ နိုင်ငံခြားသားကိုတောင်းတဲ့ နှုန်း ဦးထွေးတို့ မတောင်းဘူး။ လျှော့တောင်းတာတောင်မှ ပိုက်ဆံပေးရမယ်ဆိုရင် လာမကြည့်ဘူး။ ပိုက်ဆံမပေးနဲ့ အလကားလာကြည့်ပါဆိုတော့လည်း လာကြည့်လားဆိုတော့ မကြည့် ဘူး။ တချို့ကျတော့ ရောက်လာတယ်။ ရုပ်သေးပွဲဒီအချိန်ပြမယ်ဆိုရင် နောက်ကျမှ ရောက်လာတယ်။ တချို့ကျတော့လည်း ပြီးအောင်မကြည့်ဘဲ ပွဲတစ်ဝက်မှာပဲ ပြန်သွား တယ်။ အဲဒီတော့ဦးထွေး တော်တော်စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ ရုပ်သေးအပေါ်ကို စိတ်ဝင်စားမှုကနည်းတယ်။ အဲဒီတော့ဦးထွေးလိုချင်တာက ကိုယ့် မြန်မာ့ရုပ်သေးကိုလည်း ကိုယ့်မြန်မာလူမျိုးတွေ ခံစားတတ်အောင် လုပ်ပေးရမယ်။ ဦးထွေးဒီပွဲမှာ စိုးရိမ်တာ အဲဒါပါပဲ။ ဖိတ်ကြားထားတဲ့ နိုင်ငံတွေက တကယ့်နိုင်ငံကြီးတွေ ပါ။ အဲဒါကိုဦးထွေးတို့ မြန်မာလူမျိုးတွေ အားပေးစေချင်တယ်။ ပရိသတ်မရှိမှာကို ဦးထွေးစိတ်ပူတယ်။ ဒါကြောင့် ဒီပွဲကို မြန်မာပြည်သူတွေ လာရောက်အားပေးစေချင် ပါတယ်။ ကိုယ့်မြန်မာတွေရဲ့ အနုပညာ ချစ်စိတ်၊ ယဉ်ကျေးမှု အဆင့်အတန်းကို ပြသရ မယ့်ပွဲကြီးလို့ ဦးထွေးကတော့မြင်ပါတယ်”လို့ ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေးပညာရှင် ဦးခင်မောင်ထွေး ကပြောပြပါတယ်။ အဆိုပါပွဲတော်ကြီးမှာတော့ ရုပ်သေးပညာရှင်ကြီးများနဲ့ မျိုးဆက်သစ်ရုပ်သေးပညာရှင်များက ပူးပေါင်းစီစဉ် ကပြ တင်ဆက်ကြမှာဖြစ်ပြီး ပြခန်းတွေလည်းပါဝင်ပြသမယ်လို့ သိရပါတယ်။

 လင်းအက္ခရာ

Ads Space Available


Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071