Saturday, June 14, 2025

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် ခရိုင်အဆင့် စုဖွဲ့လေ့ကျင့်များပြုလုပ်

မွန်ပြည်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်အဆင့်စုဖွဲလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာတွင် မော်လမြိုင်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ(၁၁)ခုရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မီးသ-တ်တပ်ဖွဲ့၊ လူမူကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များဖြင့်...
HomeArticlesႀကိဳး

ႀကိဳး

kyo

(၁)

ကြိုး- ချည်တုပ်ရန် သွယ်တန်းရန်သုံး သော ရှည်လျားသောအရာ။
ကြိုးကိုင်- ခြယ်လှယ်နှင့်အတူတူ
ကြိုးဝင်- သေဒဏ်သင့်သူကို ကြိုး ပေး၍သတ်ရန်စင်။
ကြိုးဆွဲ- လည်ပင်းကို ကြိုးကွင်းစွပ်၍ သေကြောင်းကြံစည်သည်။
ကြိုးပေး- ကြိုးဒဏ်ကျခံစေသည်။
ကြိုးမိန့်- ကြိုးဒဏ်ခံစေဟု ချမှတ် သောအမိန့်။
ကြိုးဝိုင်း- လက်ဝှေ့စင်ပတ်လည်တွင် ထားသောကြိုး။

ခရီးဆောင်မြန်မာ အဘိဓာန် စာ-(၃၂)

(၂)

သံယောဇဉ်- မိမိကိန်းရာသတ္တဝါတို့ ကို သံသရာဝဋ်ဆင်းရဲမှ မလွတ်ရ အောင် ကြိုးဖြင့်ချည်နှောင်သကဲ့သို့ ချည်နှောင်တတ်သောအရာ။
အဘိဓမ္မာ(တတိယအဆင့်) မှတ်စု စာ-၅

(၃)

ကြိုးဆိုသော စကားလုံးသည် သူစကားလုံးတစ်လုံးတည်းနှင့်ပင် အနုပညာဆန်နေပေသည်။ “မင်းငါ့ ကို ကြိုးနဲ့မတုပ်နဲ့…သံယောဇဉ် ကြိုးက ခိုင်မြဲလှတယ်ကွာ” အစရှိတဲ့ စကားတို့ကို ကြည့်ခြင်းအားဖြင့် ကြိုးစကားလုံးရဲ့ အသုံးဝင်တာသွား မှုကို ကြည့်နိုင်ပေ၏။ ကျွန်တော့်အမျိုးသမီး၏ ဖခင် ကျွန်တော့်ယောက္ခမသည် ကျွန်တော် ၏ အိမ်၌ပင် ကွယ်လွန်ခဲ့ပါသည်။ မကွယ်လွန်ခင်လူနာအဖြစ်နဲ့ ရောဂါ ကို သုံးလလောက်ခံခဲ့ရပါ၏။ သူ့ရဲ့ ကွယ်လွန်ခါနီးဒုက္ခတွေကို မြင်တွေ့ ရပြီး ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့ပါသည်။

ဖြတ်မရတဲ့ကြိုး
မီးစာဘယ်လိုကုန်သွားမှာလဲ
ဆီဘယ်လိုခန်းသွားမှာလဲ
အသက်ငွေ့ငွေ့မှာ
ဘယ်အရာကို
စွဲစွဲလမ်းလမ်း
တမ်းတနေရဦးမှာလဲ
မသိနိုင်တော့ပြီ။

ကွယ်လွန်ခါနီးလူတစ်ယောက် ရဲ့ စိတ်အခြေအနေဟာ ဘယ်လိုရှိနေပါသလဲ။ အခုဘဝကို တွယ်တာပြီး သူ့ရဲ့သံယောဇဉ်ကြိုးတွေကို ဖြတ်ဖို့ ခက်နေသလား။ ဒါမှမဟုတ် ဥာဏ်ရည်အသင့်အတင့်ရှိပြီး နောင်ဘဝအတွက် ဘဝကူးကောင်းဖို့ သူ့စိတ် အခြေအနေကို ဗုဒ္ဓတရားတော်နဲ့ ထုံ မွှမ်းထားလေမလား။ ဘာကိုမှ သတိမရဘဲ သူရဲ့စိတ်ဟာ အတွေးတွေနဲ့ အတူ လွင့်မြောသွားလေမလား။ သူသတိရှိနေစဉ် သတိနဲ့ ဆောင်ရွက်ခဲ့ တဲ့ ပညာတွေကသာလျှင် သူ့ဘဝကို လမ်းညွှန်ပေလိမ့်မည်။

ဗုဒ္ဓမြတ်စွာဘုရားက ပမာဒတရား(မေ့ပျောက်ခြင်း၊သတိကင်း ချွတ်ခြင်း)သည် သေခြင်းကို ပို့ ဆောင်ပေးသောတရား(လမ်း)ဖြစ် ကြောင်း။ မမေ့လျော့ခြင်း အပမာဒ ပညာသတိရှိခြင်းသည် သေခြင်းကင်း သော အမတနိဗ္ဗာန်သို့ ပို့ဆောင် သော တရား(လမ်း)ဟုဟောတော် မူလေသည်။ ဤပဋိစ္စသမုပ္ပါဒ်ကွင်း ဆက်ကို ကျွန်ုပ်တို့မှာ ဖြတ်တောက် နိုင်သော လွတ်လပ်ခွင့်ရှိပါသည်။ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်မှ လွတ် မြောက်အောင်လုပ်နိုင်သော လွတ် လပ်စွာ ဖန်တီးခွင့် ကျွန်ုပ်တို့မှာ ရှိပါ သည်။ ထိုသို့ လုပ်ရန်မှာ ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပေါ်လာသော ခံ စားချက်ဝေဒနာနားကို တပ်မက်ခြင်း တဏှာအဖြစ်သို့ ပြောင်းမသွား အောင် တန်ခိုးသတ္တိကြီးမားသော သတိဖြင့် စောင့်ကြည့်ပြီး ရှုပစ်ခြင်း ပင်ဖြစ်ပါသည်။

(ဂိုးစတိန်း-ကိုယ်တွေ့ဝိပဿနာ စာ-၁၉၆)

တစ်နည်းဆိုရသော် ဝေဒနာ များကို သတိဖြင့်ရှုခြင်းသည် သံသ ရာကြိုးကို ပြတ်တောက်စေခြင်းလည်း ဖြစ်သည်ဟု ထင်ပါသည်။ အသိတရားမည်သို့ပင်ဖြစ်စေ လူထုသည် ကိုယ့်ကိုယ်ကိုယ် ကြိုးဖြင့် တုပ်၏။ သူများကို ကြိုးဖြင့်ချည်၏။ သံသရာမှာ အာမခံရန်အတွက် ကြိုး များဖြင့် ချည်နှောင်၏။ အာဠာဝက ဘီလူးကြီးပင်လျှင် နောင်ဘဝများ အတွက် ဘုရားသခင်ကို ” နောင်ဘဝ အရေးစိတ်အေးဖို့ ဘာတွေလိုပါသလဲ။ ဘယ်လိုတရားကျင့်မှ နောင် ဘဝအရေး စိတ်အေးရပါမလဲ” လို့ မေးမြန်းခဲ့ပါတယ်။ မြတ်စွာဘုရားက အကြောင်းအရာလေးခု ဖြေကြားခဲ့ပါတယ်။ အမှန်တရားရှိဖို့လိုသည်။ အသိပညာရှိရမည်။ လုံ့လဝီရိယရှိရမည်။ စွန့်ကြဲပေးကမ်းမှုရှိရမည်လို့ ဖြစ်ပါတယ်။

မြန်မာစကားပုံ၌လည်း ကြိုးချင်းထားကြိုးချင်းငြိဟူ၍ ရှိ၏။ ဆင်ချည်သော ကြိုးဖြင့် ဆိတ်ကိုချည်က ဆိတ်မခံနိုင်ဟူ၍လည်းရှိ၏။ မိတ် ဆွေသူငယ်ချင်းအချင်းချင်းသော် လည်းကောင်း၊ လင်မယားအချင်းချင်း သော်လည်းကောင်း ချည်နှောင်ရာ၌ ချည်နှောင်သောကြိုးများ လိုက်ဘက် ညီညွတ်ဖို့လိုပေသည်။ မညီညွတ်ပါ က ကြိုးသည် ပုံကျ၍သော်လည်း ကောင်း၊ ဖြတ်တောက်၍သော်လည်း ကောင်း၊ ဆွေးမြည့်၍သော်လည်း ကောင်း အကြောင်းကြောင်းတို့ ကြောင့် တစ်ဦးနှင့်တစ်ဦးချည်နှောင် ၍ရမည် မဟုတ်ပေ။ ကျွန်တော်တို့ အိမ်ထောင်ရေး တည်တံ့ရန် တိုးတက်ရန် အောင် မြင်ရန်အတွက် ကြိုးစားရုန်းခဲ့ရ ပေသည်။ တစ်ဦးအကြိုက်တစ်ဦး ကြိုးစားနေထိုင်ခဲ့ပေမယ့် အမြဲတမ်း အဆင်ပြေနေသည်တော့ မဟုတ်ပေ။ တစ်ဦးနဲ့တစ်ဦးကြိုးစားပြီး ကြိုးနဲ့ တုပ်ဖို့ ကြံစည်ခဲ့ကြပေမယ့်ချည် နှောင်ရင်းနဲ့ ပြတ်သွားတတ်ရဲ့။ တစ်ခါတလေ မချည်နှောင်ခင်ပင် ပြတ်သွားတတ်ရဲ့။ ကြိုးဆိုသော ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။

ကြိုး

ဘယ်ကြိုးတွေနဲ့ ငါတို့ ထပ်မံ ချည်ကြမလဲ။ ရော့တိရော့ရဲ ကြိုး တွေကနေ ငါတို့ လွတ်မြောက်သွား လေမလား။ ဘာမှကြိုးစားအားထုတ် မှုမရှိဘဲနဲ့။ ဒါမှမဟုတ် ကြိုးစားအား ထုတ်မှုအနည်းအကျဉ်းနဲ့ ခက်တယ်။ဘယ်ဟာက ဘာကြောင့်လို့ သေသေ ချာချာရှင်းပြလို့မှ မရတာ။ မင်းက လည်း မင်းမာနနဲ့ ငါကလည်း ငါ့မာ နနဲ့။ အိပ်ရာဝင်ပုံပြင်တွင် အကျည်း တန်နေခဲ့တာကြာပါပကော။ စိတ် လွတ်ကိုယ်လွတ်ဖြစ်တဲ့ အခုချိန်မှာ ပင် ဒေါသတွေဘာလို့ ဝင်နေရ တာလဲ။ မင်းမျက်နှာကြည့်လိုက်တော့ လည်း တစ်စုံတစ်ရာ မှားယွင်းနေ တာသိရဲ့။ စိတ်နဲ့ကိုယ်နဲ့ဟာ တစ် ထပ်တည်း ကျနိုင်ကြပါဦးမလား။ တောင်တန်းတွေကိုတော့ ကျော်ဖြတ် နိုင်ပါရဲ့။ အမှားမှားအယွင်းယွင်း ငါတို့ စိတ်တွေလေးလံအောင် ဘယ်အရာဟာ ဖမ်းစားထားပါသ လဲ။ မနက်ဖြန်မနက် အိပ်ရာထမှာ ကြည်ကြည်လင်လင် သန့်သန့်စင်စင် ရှိပါဦးမလား။ နောက်ဆုံးချည်နှောင် မလို့ ကြိုးစားလိုက်တဲ့ ကြိုးဟာ မချည်ခင်ပင် အပိုင်းပိုင်းအစစပြတ် တောက်လို့…။

မောင်ကြည်သာ(တောင်တွင်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071