မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ကျေးရွာရှိ (၈)ထပ်ရေတံခွန်တောင်သို့ စက်တင်ဘာ ၂၉ ရက်က အမျိုးသား၊ အမျိုးသမီး (၁၄)ဦးသွားရောက်ရေကစားရာမှ (၅)ဦးသည် (၃)ထပ်ရေတံခွန်သို့ပြု-တ်ကျသွားခဲ့သည်။
ထို့ကြောင့် မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကရှာဖွေမှုများပြုလုပ်ရာ ယင်းနေ့၌ပင် ရုရှားနိုင်ငံသားတစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီး(၂)ဦးကို ေ-သဆုံးလျက်ပြန် လည်တွေ့ရှိခဲ့ရသည်။
ထို့နောက် ကျန်ရှိနေသည့် အမျိုးသမီး(၂)ဦးအား ပြန်လည်တွေ့ရှိနိုင်ရန်ဆက်လက်ရှာဖွေမှုများပြုလုပ်ရာ စက်တင်ဘာ ၃၀ ရက်နံနက် ၁၀ နာရီခွဲခန့်တွင် ပျေ-ာက်ဆုံးနေသူအမျိုးသမီး(၂)ဦးအနက် အမေရိကန်နိုင်ငံသူအား ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသည်။
ယနေ့ အောက်တိုဘာ ၁ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်တွင်လည်း နောက်ဆုံးကျန်နေသည့် ပျေ-ာက်ဆုံးနေသော အမျိုးသမီးကိုလည်း ၃ ထပ်ရေတံခွန်အနီးမှေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသဖြင့် စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)က ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။
