Sunday, May 17, 2026

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲဖွင့်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ၍ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ မေ ၁၄ ရက်မှ မေ ၁၈...

လေဖိအားနည်းရပ်ဝန်းအားလျော့သွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်း၍ မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နေမည်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ အားလျော့သွားခဲ့ပြီးဖြစ်ကြောင်း မိုးဇလထံမှ သိရသည်။ ထိုသို့ အားလျော့သွားခဲ့သော်လည်း ရန်ကုန်တိုင်း၊ မန္တ လေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့်...

အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင်အကြီးတန်း အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်လှည့်စားသည့်...

အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင် အကြီးတန်း အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်ကာ လိမ်လည်လှည့်စားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အထူးသတိပြုကြရန် အသိပေးနှိုးဆော်ချက်တစ်ရပ်ကို စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။...

မိုင်းရှူးမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများနှင့်အတူ မေ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  လုံခြုံရေးအဖွဲ့ဝင်များက...
HomeNewsLocal News၇ လအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ...

၇ လအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထား

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လကျော်ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံရရှိထားပြီး ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၉ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၉၇၇ ဒသမ ၉၄၆ သန်းရရှိထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၄၉ ဘီလီယံရရှိထားပြီး ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးပိုမိုရရှိထားခြင်းဖြစ်သည်။

တရုတ်ဘက်သို့ ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိကြောင်းနှင့် ယင်းအပြင် သွင်းကုန်တင်သွင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာအစရှိသည့် ပစ္စည်းများကိုတရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိူင်းတုံနယ်စပ်ကုန်သွယ်ရေးများ ဖြစ်ပြီး ကုန်သွယ်မှု အများဆုံးပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ်(၁၃)ခုဖြင့် နိုင်ငံအလိုက်အဆင့်(၁)နေရာတွင်ရပ်တည်

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲဖွင့်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ၍ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ မေ ၁၄ ရက်မှ မေ ၁၈ ရက်အထိကျင်းပလျက်ရှိသည်။ ပြိုင်ပွဲအား မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှအားကစားသမားများပါဝင်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာအားကစားသမားများက မေ ၁၆ ရက်အထိ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ် (၅)ခုနှင့် ကြေးတံဆိပ်(၃)ခုရရှိပြီး နိုင်ငံအလိုက်အဆင့် (၁)နေရာတွင် ရပ်တည်လျက်ရှိသည်။ အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်ကကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ...

လေဖိအားနည်းရပ်ဝန်းအားလျော့သွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်း၍ မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နေမည်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ အားလျော့သွားခဲ့ပြီးဖြစ်ကြောင်း မိုးဇလထံမှ သိရသည်။ ထိုသို့ အားလျော့သွားခဲ့သော်လည်း ရန်ကုန်တိုင်း၊ မန္တ လေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိ၍ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ် လျှောက်တွင် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် မိုးဇလ၏ ယနေ့ မေ ၁၇ ရက်ညနေပိုင်းအထိခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့အတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်၊ ရခိုင်ကမ်းရိုးတန်းတို့တွင် တစ်ခါတစ်ရံ...

အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင်အကြီးတန်း အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်လှည့်စားသည့် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ စင်ကာပူရဲတပ်ဖွဲ့ သတိပေး

အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင် အကြီးတန်း အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်ကာ လိမ်လည်လှည့်စားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အထူးသတိပြုကြရန် အသိပေးနှိုးဆော်ချက်တစ်ရပ်ကို စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ဤသတိပေးချက်ကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့က အစောပိုင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း ထိုအချိန်မှစ၍ အလားတူဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လာခဲ့ပြီး၊ လိမ်လည်သူများသည် အစိုးရအရာရှိများနှင့် ယခင်က ထိတွေ့ဆက်ဆံဖူးသည့် စီးပွားရေးလုပ်ငန်းရှင် အလွှာအသီးသီးကို အဓိကပ-စ်မှတ်ထားနေကြောင်း တွေ့ရှိရသဖြင့် ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များတွင် လိမ်လည်သူများသည် အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071