Sunday, September 20, 2026

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ...

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့်...
HomeNewsLocal News(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ (၂)ရက်...

(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ (၂)ရက် ကြာ ကျင်းပပြုလုပ်မည်

လာမည့် ဖေဖော်ဝါရီလ(၇)ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် (၂)ရက် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်အမျိုးသားနေ့ ရှမ်းပြည်သူလူထုနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနား အစီအစဉ်အရ ဖေဖော်ဝါရီ (၅)ရက်နှင့် (၆)ရက်၌ ဖိတ်ကြားထားသည့် ဧည်သည်တော်များကို ကြီုဆိုခြင်း၊ ဖော်ဖော်ဝါရီ (၇)ရက်၌ အခမ်းအနား ဖွင့်လှစ်ခြင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် ထမင်းလက်ဆုံစားခြင်း၊ ဖေဖော်ဝါရီ (၈)ရက်၌ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်းဖိတ်ကြားထားပြီး၊ တောင်ကြီးအခြေစိုက်(ရပခ)၊ ခိုလမ်အခြေစိုက် (ရလခ) နှင့် ကျိုင်းတုံအခြေစိုက် (တသခ)တို့မှ တိုင်းမှူးများ၊ ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ (၇)ခုနှင့် အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိ​သော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့် ရွှေတိဂုံပုံတူစေတီတော်တည်ထားနေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့် သာသနိကအဆောက်အဦများအား ယခင် နယ်ခြားစောင့်တပ်အ ထွေထွေအတွင်းရေးမှူး(ဟောင်း)ဦးစောချစ်သူ ကမတည်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ဗျူဟာကုန်း၌ ရွှေတိဂုံပုံတူစေတီတော်အပြင် သစ်တံခါးဆရာတော်ကြီး၏ နည်းနာနိဿယဖြစ်သော ညောင်ဆယ်ပင်အဓိဌာန်စခန်းနှင့် သာသနိကအ ဆောက်အအုံများကိုလည်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ Photo- ကိုနေနော်(မြဝတီ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071