ဝါးနက်အပန်းဖြေ ဆင်စခန်းသို့ ယခုဘဏ္ဍာနှစ် (၆)လ တာကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၅၀၀၀)နီးပါး လာရောက်လည်ပတ်ခဲ့ကြောင်း ဝါးနက်ဆင်စခန်းမှ သိရသည်။
အဆိုပါ ဆင်စခန်းသည် မန္တလေး – ပြင်ဦးလွင် ကားလမ်း၊ (၁၆) မိုင်ဂိတ်မှ (၅) မိုင်ခန့်အကွာတွင် ရှိသည်။
ယင်းဆင်စခန်းတွင် ဆင်ကြီး (၈) ကောင်နှင့် ဆင်ပေါက်ကလေး သုံးကောင်ရှိပြီး ဆင်များအား ဆင်စာဘူဖေး၊ တစ်ပိုင်တစ်နိုင် ဆင်စာများကျွေးနိုင်ကြောင်း သိရသည်။
ဆင်စခန်းဝန်းကျင်တွင် စားပင်နှင့် အရိပ်ရအပင်များ စိုက်ပျိုးထားပြီး နားနေရန် အဆောင်များ ပြင်ဆင်ထားရှိခြင်း၊ အရိပ်ကောင်းသည့် နေရာများတွင် ခုံတန်းလျားများထားရှိခြင်း၊ လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဆင်များက ဖျော်ဖြေတင်ဆက်ခြင်း၊ တောတွင်းခရီး (၃၀) မိနစ်ဆင်စီးခရီးဖြင့် ဝန်ဆောင်မှုပေးခြင်း၊ ဆင်များအား အစာ ကျွေးခြင်းစသည်ဖြင့် အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။ Photo – MOI
