Monday, April 20, 2026

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့်...

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို...

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှတောင်သူများကို ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင် (၁၀၀,၅၀၀)ကျပ်ဖြင့်ရောင်းချပေး

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉...
HomeNewsLocal News၆လအတွင်း ပြည်ပသို့ပြောင်းတန်ချိန် ၁...

၆လအတွင်း ပြည်ပသို့ပြောင်းတန်ချိန် ၁ ဒသမ ၅ သန်းကျော်တင်ပို့ထား

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လ (၂၂)ရက်အထိ ပြည်ပသို့ ပြောင်းတန်ချိန် (၁ ဒသမ ၅) သန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပို့ကုန်များထဲတွင် ​ပေါ်ပြူလာဖြစ်​နေသည့် မြန်မာ့ ပြောင်းတန်ချိန် (၁ ဒသမ ၅) သန်းကျော်ကို ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ တင်ပို့ထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စမ်းသပ်တင်ပို့ထားရာ ဈေးကွက် အလားအလာကောင်းများရရှိလာမည့် အသံများထွက်​ပေါ်​နေသည်။

“အဓိကတော့ border trade နဲ့ ထိုင်းနိုင်ငံကို သွားတာဖြစ်ပါတယ်။ တင်ပို့မှု ၆၀ ရာခိုင်နှုန်းကလည်း သူ့ဆီပဲသွားတာလေ။ ဒါပေမဲ့ ထိုင်းနိုင်ငံကို နယ်စပ်ကုန်သွယ်ရေးက သွားတာရှိသလို ပင်လယ်ရေကြောင်းကနေလည်း သွားတာရှိပါတယ်။ အခြားကုန်သွယ်ဖက် နိုင်ငံအနေနဲ့ border trade နဲ့ သွားတာဆိုရင်တရုတ်ကိုရှိမယ်။ပုံမှန်လမ်းကြောင်းကနေဆိုရင် အိန္ဒိယရှိမယ်။ ဖိလစ်ပိုင်ရှိမယ်။ ဗီယက်နမ်ရှိမယ်။ ဘင်္ဂလားဒေ့ရှ်ရှိမယ်။ ဒီဘဏ္ဍာနှစ်မှာက ဘင်္ဂလားဒေ့ရှ်ကို စမ်းသပ်တင်ပို့တာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းမှ ဂုဏ်ထူးဆောင် နာယက ဦးမင်းခိုင်က ပြောသည်။

ထိုင်းနိုင်ငံက မြန်မာ့ပြောင်းများကို ဖေဖော်ဝါရီ(၁)ရက်နှင့် ဩဂုတ် (၃၁)ရက်ကြား အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းသဖြင့် ထိုကာလအတွက် အလုအယက်ပို့ကြသည်။

ကျန်ကာလများတွင်မူ ၎င်းနိုင်ငံက တောင်သူများကို ကာကွယ်ရန်အတွက် အခွန်စည်းကြပ်မှုကို ၇၃ ရာခိုင်နှုန်းအထိ သတ်မှတ်လုပ်ဆောင်ထားသည်။

“မြန်မာ့ပြောင်း အရည်အသွေးကကောင်းပါတယ်၊ ပြောင်းစျေးလည်းပေါပါတယ် ၊ စျေးပိုရမယ့်အမျိုးအစားမျိုးရွေးစိုက်နိုင်ရင်ပိုကောင်းမှာပါ”ဟု ကုန်သည်တစ်ဦးကဆိုသည်။

အခွန်ကောက်ခံသည့် စက်တင်ဘာလမှ ဇန်နဝါရီလကုန်ထိ ကြားကာလများ၌ မြန်မာ့ ပြောင်းဆံများကို အမှုန့်လုပ်၍ တင်ပို့မှုရှိသော်လည်း အမှုန့်လုပ်တင်ပို့ရာတွင် အခက်အခဲရှိ​နေ​သေးသဖြင့် မြန်မာ့ပြောင်းကို အခွန်လွတ်စနစ်ဖြင့် တစ်နှစ်ပတ်လုံး တင်ပို့ခွင့်ရပါက ပိုမိုကောင်းမွန်သည်ဟု ကုန်သည်များကပြောဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်သည် ဧပြီ ၁၉ ရက်၊ နေ့လယ်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ရေနံ နှင့် ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့်...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့ သစ်ပင်အများအပြားလဲကျ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ ကျေးရွာချင်းဆက်ကားလမ်း၊ ပွင့်ဖြူ-စလင်းသွားကားလမ်းမပေါ်တို့သို့ ကုက္ကိုပင်၊ ကု လားမန်ကျည်းပင်၊ ကင်ပွန်းခါးပင်၊ ထနောင်းပင်၊ ယူ ကလစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးပဲ့ကျခြင်းများဖြစ်ပေါ်ကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ‌မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာနေသူများက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ တည်ဆောက်ရေးတာဝန်ယူထားသူများအနေဖြင့် တံတားအသစ်ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာကြပ်မတ်ဆောင်ရွက်ရန်၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအားအမြဲမပြတ်စစ်ဆေးရန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းခွင်၌ P-1 မှ P-9 အထိ Steel Plate Girder များတပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်လောင်းပြီးမှု၊ Bearing များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071