ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး ၊၃၉မိုင်၊ပဲခူးနယ်နားတွင် ၅၀၀ ကေဗွီရှိ ဘုရားကြီး လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်လျှက်ရှိရာ ၉၁ % ပြီးစီးနေပြီဖြစ်သည်။
လက်ရှိတွင် မိုးများသည့်မိုးရာသီဖြစ်ခြင်း၊ပဲခူးတဝိုက် ရေကြီးခြင်းတို့ကြောင့်စီမံကိန်းလုပ်ငန်းခွင်၌ အစိတ်အပိုင်းအချို့ကို အသစ်လဲလှယ်ခဲ့ရသည်များရှိပြီး လာမည့်နှစ် ၂၀၂၆ မတ်လတွင် ပြီးစီးအောင် ရာထားလုပ်ဆောင်နေကြကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကမြေဧရိယာ ၆၀ဧက နီးပါးရှိ ထိုစီမံကိန်း လုပ်ငန်းတိုးတက်မှု အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
