Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal News(၅)နှစ်အတွင်း ဒီရေတောဖုံးလွှမ်းမှုဧရိယာဧက ၁...

(၅)နှစ်အတွင်း ဒီရေတောဖုံးလွှမ်းမှုဧရိယာဧက ၁ ဒဿမ ၂ သိန်းခန့်တိုးတက်လာ

မြန်မာနိုင်ငံအနေဖြင့် ဒီရေတောဖုံးလွှမ်းမှုဧရိယာ ဧက စုစုပေါင်း (၁ ဒသမ ၂၆) သန်းရှိပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဒီရေတောဖုံးလွှမ်းမှု ဧရိယာဧက (၁ ဒသမ ၂) သိန်းခန့် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာရေးနှင့် သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဒီရေတောစိုက်ခင်းများ ထပ်မံတိုးချဲ့တည်ထောင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြိုနယ်ရှိ ဒီရေတောစိုက်ခင်းများကို ယမန်နေ့ စက်တင်ဘာလ(၂၉)ရက်က သွားရောက်ကြည့်ရူစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတုဖေ-ာက်ပြန်မှုကို လျော့ကျစေခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခို-က်ပျ-က်စီးမှုများကို အဟန့်အတားဖြစ်စေခြင်း၊ ငါးပုစွန်တို့ပေါက်ပွားရာနေရာများ တိုးပွားလာစေခြင်း၊ ဒေသခံများ၏ လူနေမှုဘဝ တိုးတက်လာစေရန် အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ဒီရေတောစိုက်ခင်းဧက (၂၃၀၀)၊ အပ င် (၂ ဒသမ ၇၈) သန်း တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီမှစတင်၍ ဒီရေတောစိုက်ခင်းဧက (၃၃၀၀)၊ အပင် (၄)သန်းခန့် တိုးချဲ့တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071