တရုတ်တွင်တရုတ်အမျိုးသားနေ့ (အစိုးရတည်ထောင်ခြင်းနှစ်ပတ်လည်) ၊ ဆောင်းဦးပေါက်ပွဲတော်၊လမုန့်ပွဲတော်အတွက် အားလပ်ရက်နောက်ဆုံးနေ့တွင်ခရီးသွားကားများကျပ်နေပုံမှာ ကြောက်ခမန်းလိလိပင်ဖြစ်သည်။
Anhui နှင့် Jiangsu ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် Wuzhang Tollgate တိုးဂိတ်အနီးတစ်ဝိုက်တွင် အပြန်ယာဉ်များဖြင့် ၃၆လမ်းသွားလမ်းကြီးက ပြည့်ကျပ်နေသည်။
တရုတ်နိုင်ငံတွင် အကြီးဆုံးဖြစ်သည့် Wuzhang Tollgate တိုးဂိတ်သည် ယခုလ ၁ ရက်နေ့မှ စတင်ကာ ရှစ်ရက်ကြာ အားလပ်ရက်ကာလအတွင်း ဂိတ်ပေါက် ၃၆ လမ်းလုံးကို ဖွင့်ထားပေးခဲ့ရသည်။
တရုတ်နိုင်ငံ၏ အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံကွပ်ကဲမှု၏ထုတ်ပြန်ချက်အရ အဆိုပါအားလပ်ရက်ကာလ၌ နိုင်ငံတွင်းဝင်ရောက်ထွက်ခွာသည့် ခရီးသွားအရေအတွက်မှာ တစ်ရက်လျှင် ပျမ်းမျှ လူ ၂ သန်းကျော်ရှိကြောင်း သိရသည်။
Ref: chosun
